မကြာသေးမီက မွမ်ဘိုင်းမြို့၌ ဖြစ်ပွား ခဲ့သော အမျိုးသမီး ဓာတ်ပုံ
သတင်းထောက် တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့် မှုနှင့် ပတ်သက်၍
ဂျူဟီချာဝါလာ အပါအဝင် ဘောလီးဝုဒ်မင်းမီးများက မွမ် ဘိုင်းမြို့သည်လုံခြုံ
စိတ်ချရမှု မရှိကြောင်းနှင့် ယင်းဖြစ်ရပ်သည် တုန်လှုပ် ချောက် ချား
စေကြောင်းဖွင့်ဟ ပြောကြား ခဲ့သည်။
''အိန္ဒိယနိုင်ငံမှာ မွမ်ဘိုင်းမြို့က လုံခြုံမှုအရှိဆုံး ဆိုပြီး ပျော်ပါး
မူးယစ်နေ သူတွေကို ဒီဖြစ်ရပ်က လှုပ်နှိုး သတိပေး လိုက်တာပါ။ ဥပဒေပေါ်မှာ
ယုံကြည်မှု မဲ့နေတဲ့ အတွက် အဓမ္မမှုနဲ့ ဆိုင်တဲ့ ဥပဒေ သစ်က အရာမရောက်ဘူး။
ဒီတော့ ဒီ ကိစ္စကို အရေးယူ ဖြေရှင်းဖို့ လိုအပ်နေ ပါတယ်။ ကျွန်မတို့
ဒီနိုင်ငံက အမျိုးသမီး တွေကို ဖိနှိပ်မှုက အမြစ်တွယ် နေတယ်။ လိင်ပိုင်း
ဆိုင်ရာ စော်ကားမှုတွေကို အခွင့်အာဏာ တစ်ခုလို သဘောထား တယ်။ အမျိုးသမီးတွေ
လွတ်လပ်ခွင့် မရကြဘူး''ဟု ရှာဘာနာအဇမီက စိုးရိမ် ကြီးစွာ ပြောကြားသည်။
မွမ်ဘိုင်းမြို့ကို လုံခြုံစိတ်ချမှု ရှိ သည့်နေရာဟု သတ်မှတ် ထားသည် ဆိုသူ
ဂျူဟီချာဝါ လာက ''ကျွန်မနေတဲ့ မွမ် ဘိုင်းမြို့လေး အတွက် ခုချိန်ထိအောင်
အမြဲတမ်း ဂုဏ်ယူနေတာပါ။ လုံခြုံနွေး ထွေးမှုရှိတယ် လို့လည်း ခံစားရတယ်။
အဓမ္မစော်ကားတဲ့ သတင်းတွေ ကြားရ တော့ တုန်လှုပ်ချောက်ချား မိတယ်။
ဒီအမျိုးသမီး အမြန်ဆုံး ကျန်းမာပြီး စိတ်တည်ငြိမ်ဖို့ မျှော်လင့် ပါတယ်။
သူက ဓာတ်ပုံ သတင်းထောက် ဆိုတော့ ကျွန်မ တို့ ရုပ်ရှင်လောက နဲ့လည်း ဆက်သွယ်
မှု ရှိနေမှာပဲ။ ဒီဖြစ်ရပ် ဆိုးကြီးက သူနဲ့ သူ့မိသားစုကို ဘယ်လောက်ကြေကွဲ
ဝမ်းနည်းစေမလဲ ဆိုတာ တွေးကြည့်လို့ တောင် မရပါဘူး။ တအား ဝမ်းနည်းဖို့
ကောင်းတယ်'' ဟု ပြောကြားသည်။ ထို့အပြင် မင်းသမီးချော ရီမာကတ်တီက
''မွမ်ဘိုင်းမြို့တင် မကပါ ဘူး။ အိန္ဒိယရဲ့ ဘယ်နေရာကမှ အလုပ်လုပ်နေသူ
အမျိုးသမီးတွေ အတွက် လုံခြုံစိတ်ချရမှု မရှိပါဘူး'' ဟု ပြောကြားခဲ့သည်။
ရိုးရာလေး
No comments:
Post a Comment