ဧည့်သည်သရုပ်ဆောင်အဖြစ် ပထမဆုံးရိုက်ကူးနေသော Anubis ရုပ်ရှင်ကားတွင်
ပါဝင်ရသည့်အခန်း နည်းသည့်အတွက် သရုပ်ဆောင်ရာတွင် အခက်အခဲမရှိကြောင်း
နန်းခင်ဇေယျာက ပြောသည်။
““ညီမ မနေ့က သရုပ်ဆောင်ရတာ
သဘာဝကျကျလေးဆိုတော့ ဘာမှအခက်အခဲမှမရှိပါဘူး။ အန်ကယ်လေးတို့က စကားပြောတာကအစ
သင်ပေးပါတယ်။ ညီမအနေနဲ့ သူများသရုပ်ဆောင်တာတွေကိုလည်း လိုက်ကြည့်ခဲ့တယ်။
ဒါပေမဲ့ ညီမအနေနဲ့ တစ်ကားလုံး ရိုက်ရတဲ့အခါကျရင် လိုအပ်ချက်တွေ
ရှိလာမှာမို့ ညီမလေ့လာနေဆဲပေါ့။ မနေ့ကရိုက်တဲ့ကားမှာဆို
ဧည်သည့်သရုပ်ဆောင်အနေနဲ့ နှစ်ခန်း၊ သုံးခန်းပဲ သရုပ်ဆောင်ရတဲ့အတွက်
အခက်အခဲမရှိတာပါ””ဟု နန်းခင်ဇေယျာက ပြောသည်။
Anubis ရုပ်ရှင်ကားတွင်
နန်းခင်ဇေယျာက လူမင်း၏ဇနီးအဖြစ် သရုပ်ဆောင်ရပြီး နေတိုး၊ မြင့်မြတ်၊
ဝတ်မှုံရွှေရည်တို့နှင့် အခြားသရုပ်ဆောင်များလည်း ပါဝင်ပြီး လက်ရှိ
ရိုက်ကူးနေသော ဇာတ်ကားဖြစ်သည်။ ထပ်မံ၍ ခန့်စည်သူနှင့် ““အက်တိုးပစ်
အပျိုစင်””ဇာတ်ကားတွင် အဓိကသရုပ်ဆောင်အဖြစ် နိုဝင်ဘာလတွင်
ရိုက်ကူးမည်ဖြစ်ပြီး လက်ရှိတွင် ယင်းနှစ်ကားသာ လက်ခံရိုက်ကူးထားသည်။
နောက်ထပ်ဇာတ်ကားများကို ၎င်း၏ပုံစံ နှင့် လိုက်ဖက်သည့် ဇာတ်ရုပ်ကို
လက်ခံရိုက်ကူးသွားမည်ဖြစ်ကြောင်း နန်းခင်ဇေယျာက ပြောသည်။
နန်းခင်ဇေယျာသည်
ဧည့်လမ်းညွှန်အလုပ်ကို ယခင်က လတိုင်းတွင် ရက်အပြည့်လုပ်ပေးခဲ့သော်လည်း
ယခုနောက်ပိုင်းတွင် တစ်လ ငါးရက်ခန့်သာ လုပ်ကိုင်ဖြစ်နေကြောင်း
ယခုရက်ပိုင်းတွင် ပြေတီဦးနှင့် ဓာတ်မြေသြဇာကြော်ငြာ
ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ နိုင်ငံတကာပွဲသို့
Miss များ သွားရောက်ယှဉ်ပြိုင်မှုများအပေါ် ၎င်း၏အမြင် နှင့် ပတ်သက်၍
““ညီမအနေနဲ့ ပြောပြချင်တာက ဒီအင်တာနေရှင်နယ်ပွဲကြီးကို ဖြစ်ကတတ်ဆန်း
သွားမပြိုင်စေချင်ဘူးလို့ ပြောချင်တယ်။ ကိုယ့်ဘက်က ပညာတွေပြည့်အောင်
ဖြည့်ပြီးမှ သွားပြိုင်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်က
မြန်မာဆိုတဲ့စလွယ်ကြီးကို လွယ်ပြီး ပြိုင်ရမယ်။ မြန်မာ့ဂုဏ်ကို
ဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ အားလုံး သေချာလေ့လာပြီးမှ
သွားပြိုင်စေချင်တယ်။ ဒီဘက်မှာလည်း မော်ဒယ်အေဂျင်စီတွေရှိတဲ့အတွက်ကြောင့်
သူတို့ဘက်ကလည်း အားလုံးမွမ်းမံသင်ပေးမှာပါ။ ညီမအနေနဲ့က ဘယ်အခန်းကဏ္ဍကမဆို
ကူညီပေးဖို့က ရယ်ဒီပါပဲ”” ဟု နန်းခင်ဇေယျကပြောသည်။
7Day Daily
No comments:
Post a Comment