ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်
လာမှုကြောင့် ရေဘေးသင့်ခံစား ရသော စစ်ကုန်းကျေးရွာအုပ်စု နှင့်
တောင်လုံးစုကျေးရွာ အုပ်စု တို့တွင်
စက်တင်ဘာ ၂ဝရက်က ရေဘေးကယ်ဆယ်ရေးစခန်းများ ကို တိုးချဲ့ဖွင့်လှစ်ခဲ့ရပြီး
ရေဘေး သင့်ပြည်သူ ၉၀ဝကျော်ရှိနေ ကြောင်း ဒေသအုပ်ချုပ်ရေးအဖွဲ့ များထံမှ
သိရသည်။
''ကယ်ဆယ်ရေးစခန်းက ဒီ နေ့နှစ်ခုထပ်ဖွင့်ရပါတယ်။ အား
လုံးပေါင်းကယ်ဆယ်ရေးစခန်း ငါးခုပါ။ စစ်ကုန်းမှာ နှစ်ခု၊ ရေတဲ
ကြီးမှာတစ်ခုနဲ့ ရေလယ်သောင်မှာ နှစ်ခုဖွင့်ထားရပါတယ်။ လော လောဆယ်က
အိမ်ထောင်စု ၁၆၃ စုနဲ့ လူဦးရေ ၅၈၄ဦးရှိပါပြီ။ လို အပ်တဲ့
ကျန်းမာရေးစောင့်ရှောက် မှုတွေဆောင်ရွက်ပေးနေပါတယ်။ ဆန်ကို
မြို့နယ်ကလှူပေးတာရှိ သလို အနီးဝန်းကျင်ရွာတွေက ထောက်ပံ့တာ၊ အလှူရှင်တွေ
လာတာတော့ရှိပါတယ်။ လူဦး ရေတွေက တိုးတိုးလာတော့ စား ဝတ်နေရေးအတွက်
လိုအပ်မှုတွေ ရှိနေပါတယ်''ဟု စစ်ကုန်းကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး
ဦးကျော် သူရက ယင်းနေ့နံနက် ၁၁နာရီ တွင်ပြောသည်။
တောင်လုံးစုကျေးရွာ၏ ရေ ဘေးအခြေအနေနှင့် ကယ်ဆယ် ရေးလုပ်ဆောင်နေပုံကို
''တောင် လုံးစုမှာက နှစ်ခုဖွင့်ထားရတယ်။ ရေက တအားတက်လာတာဖြစ် တော့
ဖောင်ကျောင်းနဲ့ အောက် ရွာကလေးတို့က ဘုန်းတော်ကြီး ကျောင်းတွေမှာ
ဖွင့်ပေးထားတယ်။ ရေကများလာတော့ လူနေလို့မရ တော့ဘူး။ အိမ်ရဲ့အနေအထားက
မြေနိမ့်တဲ့နေရာမှာဆိုရင် သုံးပုံ တစ်ပုံလောက်ပဲ ပေါ်တော့တယ်။ ရေက ခုနစ်ပေ၊
ရှစ်ပေလောက်ရှိ နေတာ။ ကြီးကြီးမားမားအထောက် အပံ့မရရှိသေးပါဘူး။ အနီးကဒေ
သခံအချင်းချင်းကူညီမှုပဲရှိပြီး ဘုန်း တော်ကြီးကျောင်းတွေက တတ် အားသရွေ့တော့
ကူညီပံ့ပိုးပေး တယ်။ ဘေးပတ်ဝန်းကျင်က လှူ တာမရှိသေးပါဘူး။ အလှူရှင်
တွေလိုအပ်နေပါတယ်''ဟု တောင် လုံးစုကျေးရွာအုပ်ချုပ်ရေးမှူး
ဦးမောင်မောင်နိုင်က နံနက် ၁၁ နာရီ ၁၅မိနစ်တွင်ပြောသည်။
ယင်းကဲ့သို့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဟင်္သာတ မြို့နယ် မြစ်ကမ်းဘေး
တာပြင် ကျေးရွာများဖြစ်သည့် စစ်ကုန်း ကျေးရွာအုပ်စုနှင့် တောင်လုံးစု
ကျေးရွာတို့တွင် ရေဘေးသင့်ခံ စားနေရကာ စစ်ကုန်းကျေးရွာ အုပ်စုရှိ
ကယ်ဆယ်ရေးစခန်းငါးခု တွင် အိမ်ထောင်စု ၁၆၃ စု၊ လူဦး ရေ ၅၈၄ ဦးနှင့်
တောင်လုံးစုကျေး ရွာအုပ်စုရှိ ကယ်ဆယ်ရေးစခန်း နှစ်ခုတွင် အိမ်ထောင်စု ၆၂စု၊
လူ ဦးရေ ၂၁ရဦးတို့အား ကူညီစောင့် ရှောက်ပေးလျက်ရှိကြောင်း ဒေသ
ခံအုပ်ချုပ်ရေးအဖွဲ့များ၏ ကနဦး စာရင်းအရ သိရသည်။
ဧရာဝတီမြစ်ရေ
အခြေအ နေနှင့်ပတ်သက်၍ ဟင်္သာတမြို့ နယ်အနေဖြင့် စိုးရိမ်ဖွယ်အား မေး မြန်းရာ
''ဟင်္သာတမှာက ဒီနေ့ နံနက် ၆နာရီခွဲတိုင်းတာချက်အရ ၁၄၁၂စင်တီမီတာရှိတယ်။
စိုးရိမ် ရေအမှတ်က ၁၃၄၂ စင်တီမီတာ ပါ။ စိုးရိမ်ရေအမှတ်အထက်ကို အန္တရာယ်လို့
သတ်မှတ်ပါတယ်။ ဟင်္သာတအနေနဲ့က တာကြီးတွေ သာမရှိရင် ရေတွေဝင်လို့ရပါပြီ။
ကယ်ဆယ်ရေးတွေဖွင့်တယ်ဆို တာက တာအတွင်းပိုင်းက အန္တ ရာယ်မရှိပါဘူး။
မြစ်ထဲမှာနေတဲ့ သူတွေသာ ဆောက်ထားတဲ့အိမ် အမြင့်နဲ့ တက်လာတဲ့ရေအမြင့်၊
အိမ်အဆင့်နိမ့်နေလို့ပါ။
အခုမြစ် ရေက ၄ရပေတောင်မရောက် သေးပါဘူး။
အရင်က ၁၅၀၀ စင် တီမီတာကျော်အထိ ရောက်ခဲ့ဖူး ပါတယ်။ ဘာမှမဖြစ်ခဲ့ဖူးပါဘူး။
အထက်မှာ ရေကြီးတဲ့နှစ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတာပါ''ဟု မိုးလေ ဝသနှင့်
ဇလဗေဒေဦးစီးဌာနမှဦး စီးအရာရှိ ဦးအောင်ဆန်းက ဖြေ ကြားသည်။
လက်ရှိတွင်
ဟင်္သာတမြို့ နယ်အနေဖြင့် စိုးရိမ်ရေအမှတ် ၄၄ပေအထက်ကျော်လွန်ကာ စက်တင်ဘာ
၂ဝရက် မွန်းလွဲ ၁ နာရီအထိတိုင်းတာချက်အရ ၄၆ ဒသမ ၅၀ ပေသို့ ရောက်ရှိနေပြီး
မြစ်ရေအမှတ် ၄၉ဒသမ ၃၁ပေ သည် အန္တရာယ်ရေအမှတ်ဖြစ် ကြောင်း
မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။
အောင်ကိုခန့်
Yangon Media Group
No comments:
Post a Comment