ကလေးမြို့ စမ်းမြို့ရပ်ကွက် စမ်းမြို့
ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ စက်တင်ဘာလ
၁၈နှင့်၁၉ရက်နေ့က ကလေးမြို့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ရံပုံငွေ ပွဲတော် အဖြစ် ဂီတဖျော်ဖြေပွဲတော် ကျင်းပခဲ့ရာ
လားရှိုးသိန်းအောင်မေတ္တာဖြင့် လာရောက်ဖျော်ဖြေကြောင်းမြို့ခံ တစ်ဦးကပြောသည်။
အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရံပုံငွေ ဂီတပွဲတော်တွင် ဂန္ထ၀င်
အဆိုတော်ကြီး လားရှိုးသိန်းအောင်နှင့် Lazy Club ဂီတအဖွဲ့တို့
ပူးပေါင်းပါဝင်ဖျော်ဖြေခဲ့သည်။
ကလေးမြို့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ရှားမီး မှယခု ဂီတပွဲတော် ဟာ ကျမတို့
အဖွဲ့ချုပ် ရံပုံငွေအဖြစ် ကျင်းပတာဖြစ်ကြောင်းလက်မှတ်များကို လည်း ၀ယ်ယူ
အားပေးရတယ်လို့ မမြင်စေပဲ အဖွဲ့ချုပ်ကို
အလှူငွေထည့်တယ်လို့ပဲ သဘောထားစေချင်ကြောင်း ယနေ့ နိုင်ငံရေး
အပြောင်းအလဲမှာ ကျမတို့ ပြည်သူလူထုအနေဖြင့် အမှန်တကယ်
ရွေ့လျားသွားစေရန် အားလုံးက ၀ိုင်းဝန်းညီညာ ကူတွန်းကြရန် လိုအပ်ကြောင်းအဖွင့် အမှာစကားပြောကြားသည်။
ချစ်သူမောင်
Popular Myanmar News Journal

No comments:
Post a Comment