Pages

16.9.13

အသုံးမပြုတဲ့ အသိမ်းခံလယ်မြေတွေ ပိုင်ရှင်ပြန်ပေးဖို့ တင်ပြမည်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လှာကာကျေးရွာအုပ်စုမှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ဘိလပ်မြေစက်ရုံ စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက စီမံကိန်းအတွက် အသုံးမပြုတဲ့ လယ်ယာမြေတွေကို ဒေသခံတွေကိုပြန်ပေးဖို့ လာမယ့်လွှတ်တော် အစည်းအဝေးမှာ တင်ပြသွားမယ်လို့ ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေးအွာက RFA ကို ပြောပါတယ်။


လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ဒေသခံတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က လှာကာကျေးရွာအုပ်စုမှာ ဆွေးနွေးခဲ့ကြပြီး ဘားအံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာကို တင်ပြခဲ့တာလို့ သိရပါတယ်။

ဒေသခံတွေရဲ့ တင်ပြချက်တွေကို လွှတ်တော်မှာ ဆက်လက်တင်ပြသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာက အခုလိုပြောပါတယ်။

“၂ဝဝ ခုနှစ်မှာ တန်လေးထောင် ဘိလပ်မြေစက်ရုံကို တည်ခဲ့တာပေါ့နော်၊ အဲဒါနဲ့ လယ်သမားတွေ ကန့်ကွက်ကြတဲ့အခါ သူတို့ကိုပြောသွားတာကတော့ အမှန်တော့ ဒါတွေကအကုန်လုံးသိမ်းထားပြီးပြီလို့ပြောတယ်၊ ဒါပေမယ့် အဲဒီထဲမှာတချို့က လုံးဝမသိမ်းရတဲ့မြေတွေလည်းရှိပါတယ်၊ အဲဒီလယ်တွေကိုလည်း လယ်သမားတွေက သိမ်းထားလား၊ မသိမ်းထားလား မသိဘူးပေါ့နော်၊ သွားကြည့်တဲ့အခါကျတော့ အဲဒီနေရာမှာ ဆိုင်ခန်းတွေရှိနေတယ်၊ အဲဒါကို ကျမလွှတ်တော်ကို ပြန်ပြီးတော့တင်ပေးရမှာပေါ့နော်”

လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်က ဘားအံမြို့နယ် လှာကာကျေးရွာက လယ်ယာမြေဧကပေါင်း ၅ဝဝ လောက်ကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလိမိတက်က သိမ်းယူခဲ့ပြီး တစ်နေ့ကို တန် ၉ဝဝ နဲ့ တန် ၄ဝဝဝ ထုတ်လုပ်နိုင်တဲ့ ဘိလပ်မြေစက်ရုံနှစ်ရုံ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment