လီဗာပူး အသင်း ခေါင်းဆောင် စတီဗင်ဂျရတ်သည် လေ့ကျင့်ရေးကွင်း အတွင်း ပြင်းပြင်း ထန်ထန် ဆဲရေးတိုင်းထွာ ပြောဆို ခံခဲ့ရပြီး အသက် အန္တာရာယ်ကိုပါ
ခြိမ်းခြောက် ခံခဲ့ရ ကြောင်း သိရသည်။ ထိုသို့ မဖြစ်ပွားမီတွင် ရူးသွပ်
နေဟန်ရှိသော ပရိသတ် တစ်ဦးသည် လီဗာပူး အသင်း၏ Melwood လေ့ကျင့်ရေးကွင်း
ခြံစည်းရိုးအား ဖြတ်ကျော်ဝင် ရောက်ခဲ့ ကြောင်း သိရသည်။
လီဗာပူး
အသင်း ခေါင်းဆောင် ဂျရတ် သည် အစောပိုင်းက ထိုပုဂ်္ဂိုလ်၏ ပြုမူ
ပြောဆိုခြင်းအား ဥပေက္ခာ ပြုနေခဲ့ပြီး ဖိလင်ဟော့တင်ဟို၊ ဆိုင်မွန်မင်နိုလက်
တို့နှင့်အတူ လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်နေခဲ့သည်။
ထိုစဉ်တွင်
အဆိုပါ ပုဂ်္ဂိုလ်သည် ဂျရတ်အား ၎င်းအနေဖြင့် ဂျရတ်နေသော နေရာအား သိကြောင်း၊
ဂျရတ်၏ နေအိမ်အား မီးရှို့ဖျက်ဆီးပစ်မည် ဖြစ်သလို ဂျရတ်နှင့် သားသမီးများ
ကိုလည်း သတ်ပစ်မည် ဖြစ်ကြောင်း ဂျရတ်ထံသို့ ပြေးလာကာ အော်ဟစ် ပြောဆို
ခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးက အခိုင်အမာ ပြောကြား ထားသည်။
ယင်းနောက်တွင် လီဗာပူးလက်ထောက် မန်နေဂျာ ကိုလင်းပတ်စ်ကိုးသည် ဂျရတ်ရှေ့မှ
ဝင်ရောက်၍ အဆိုပါ ပိုင်နက် ကျူးလွန် ၀င်ရောက် လာသူအား ဟန့်တား ခဲ့ရကြောင်း
သိရ သည်။
မြ၀တီ
No comments:
Post a Comment