တရုတ်နိုင်ငံတွင် စစ်ဆေးမှု ပြုလုပ်စဉ် သေဆုံးခဲ့သော အင်ဂျင်နီယာချုပ်
ယူချီယီသည် ကွန်မြူနစ်ပါတီမှ စုံစမ်းစစ်ဆေးရေး မှူးများက ရေနှစ်၍
စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း
နိုင်ငံပိုင် Beijing Times သတင်းစာတွင် ဖော်ပြထားသည်။
ယူချီယီသည် ဝန်ကျို့စက်မှု
ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး စုံစမ်း
စစ်ဆေးရေးမှူးများ၏ လက်ချက်ကြောင့် ဧပြီ ၉ ရက်က သေဆုံးခဲ့ခြင်း ဖြစ်သည်။
စုံစမ်း စစ်ဆေးရေး မှူး ခြောက်ဦးက မြေကွက် တစ်ကွက်နှင့် ပတ်သက်သည့်
အမှုတွင် ဝန်ခံရန် ကြိုးပမ်းချက် တစ်ရပ်အဖြစ် ယူချီယီ၏ ဦးခေါင်းကို
ရေခဲရေများ ထည့်ထားသော စည်ပိုင်း အတွင်းသို့ နှစ်ခဲ့ကြောင်း တရားစွဲဆိုမှု
ဆိုင်ရာ စာရွက်စာတမ်းများကို ကိုးကား၍ Beijing Times က ဖော်ပြခဲ့သည်။
စုံစမ်းစစ်ဆေးရေး မှူးများသည် ဧပြီ ၈ ရက်ညက စုံစမ်းစစ်ဆေး မှုများ
ပြုလုပ်စဉ် ယူ၏ ဦးခေါင်းကို ရေခဲရေအတွင်း အချိန် ကြာမြင့်စွာ
နှစ်ခဲ့ကြောင်းနှင့် ၄င်းအား ဆေးရုံသို့ ပို့ဆောင်စဉ် ဧပြီ ၉ ရက်
အစောပိုင်းက သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာတွင် ပြောကြား
ထားသည်။
ယူသည် ရေခဲရေများကို ရှူရှိုက်မိခြင်းကြောင့် အဆုတ်အတွင်း ရေဝင်၍
သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သေမှုသေခင်း ဖော်ပြထားသော စုံစမ်းစစ်ဆေးရေး
အရာရှိ၏ ဆန်းစစ်ချက်အရ သိရသည်။ ယူအားစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် အတွက်
မတ်လ အစောပိုင်း ကတည်းက ထိန်းသိမ်း ထားကြောင်း သိရသည်။ စုံစမ်းစစ်ဆေးရေး
မှူးများသည် လူသတ်ရန် ရည်ရွယ်၍ လုပ်ဆောင်မှုဖြင့် ရင်ဆိုင်ရလျက် ရှိကြောင်း
သိရသည်။
မြ၀တီ
No comments:
Post a Comment