လာမည့်လအနည်းငယ်အတွင်း အအေးပိုလာမည် ဖြစ်သောကြောင့် တရုတ်နိုင်ငံတွင် အရက်ချက်ရန်အတွက် မြန်မာ့ဆန်ကွဲကို ပိုမိုဝယ်ယူမည်ဖြစ်ရာ ဆန်ကွဲဈေးသည် ယခုထက်ပို၍ မြင့်လာနိုင်သည်ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် မူဆယ်ပေါက်ဈေး ဆန်ကွဲ ၁၁၀ ဒသမ ၅ ပေါင် တစ်အိတ်လျှင် ၁၀၅ ယွမ်ရှိပြီး လာမည့် လအနည်းငယ်အတွင်း ဆန်ကွဲတစ်အိတ်လျှင် ငါးယွမ်ခန့် မြင့်တက်နိုင်သည်ဟု ၎င်းက ဆိုသည်။
မြန်မာ့ဆန်ကွဲကို အရက်ချက်ရန်နှင့် ကုန်ကြမ်းအဖြစ် အသုံးပြုရန်အတွက် တရုတ်နိုင်ငံက အများဆုံးဝယ်ယူလျက် ရှိကြောင်း မူဆယ်ကုန်သည်များက ပြောကြားသည်။
“ဆန်ကွဲဈေးကောင်းနိုင်တယ် ဆိုပေမယ့် အရောင်နဲ့ ဆန်ကွဲအမျိုးအစားပေါ်လိုက်ပြ
တရုတ်နိုင်ငံဈေးကွက်သို့ ဗီယက်နမ်ဆန်နှင့် ပါကစ္စတန်ဆန်များ ဝင်ရောက်ခဲ့ပြီးနောက် မြန်မာ့ဆန်ကြမ်း ဝယ်လိုအားမှာ ကျဆင်းသွားသော်လည်း မြန်မာ့ဆန်ကွဲ ဝယ်လိုအားမှာ အနည်းငယ် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု မူဆယ်အခြေစိုက် ကုန်သည်များက ဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာ့ဆန်ကြမ်းကို စားသောက်ကုန် ထုတ်လုပ်ရန်အတွက် ဝယ်ယူနေပြီး ဆန်ကွဲကိုမူ အရက်ချက်ရန်အတွက် ဝယ်ယူနေကြောင်း မူဆယ်ဆန် ဈေးကွက်ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်မှ သြဂုတ်လ ၉ ရက်နေ့အထိ ဆန်ကွဲတန်ချိန် ၄၆,၃၀၀ ကျော်ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင်မူ ဆန်ကွဲတန်ချိန် ၈၃,၇၀၀ ကျော်ကို ပြည်ပတင်ပို့ခဲ့ရာ နှစ်ဆနီးပါးခန့် ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌ
The Voice Weekly

No comments:
Post a Comment