Pages

16.9.13

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နှင့် ကမ္ဘာ့ရေကြောင်းတက္ကသိုလ် နားလည်မှုစာချွန်လွှာရေးထိုး

မြန်မာ နိုင်ငံ ရေကြောင်းပညာတက္ကသိုလ် နှင့် ကမ္ဘာ့ရေကြောင်းတက္ကသိုလ် တို့ ပူးပေါင်းကာ သင်ကြားရေး စီမံခန့်ခွဲမှုနှင့် အီလက်ထရွန်နစ် ဆိုင်ရာ သင်ကြားရေးလုပ်ငန်း များအတွက် ပထမဆုံးအကြိမ် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။


အဆိုပါအစီအစဉ်အရ မြန် မာနိုင်ငံရေကြောင်းပညာတက္က သိုလ်(MMU)နှင့် ကမ္ဘာ့ရေကြောင်း တက္ကသိုလ်(WMU)တို့အကြား အီလက်ထရွန်နစ်ဆိုင်ရာ (Learn-ing Management and e-Le-arning Systems)ဖြင့် သင်ကြား ရေးဆိုင်ရာများ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

အခမ်းအနားတွင် ပို့ဆောင် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ''ရေကြောင်းပညာတက္ကသိုလ်မှာ သင်ယူလေ့လာမှုဆိုင်ရာ စီမံခန့် ခွဲမှုနဲ့ အီလက်ထရွန်နစ်စနစ်နဲ့ သင်ယူလေ့လာမှုဆိုင်ရာစနစ်ကို တည်ဆောက်ဖွဲ့စည်းခြင်းအတွက် အထူးအခွင့်အလမ်းတစ်ခုအဖြစ် ရည်ရွယ်ပူးပေါင်းခွင့်ရတာ ဝမ်း မြောက်ဂုဏ်ယူပါတယ်။

ပညာရေး ဆိုင်ရာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ အိုင်စီတီနည်း ပညာဖြင့် ဘာသာရပ်နဲ့သင်ခန်း စာအစီအစဉ်တွေကို ကျယ်ကျယ် ပြန့်ပြန့် ထောက်ပံ့ပေးနေပါပြီ။ သင်္ဘောသားတွေအနေနဲ့လဲ ပင် လယ်ပြင်မှာ တာဝန်ထမ်းဆောင် ရင်း ရေကြောင်းဆိုင်ရာ ပညာ ရေးအထောက်အကူပြုသင်ခန်း စာတွေကို အိုင်စီတီနည်းပညာအ သုံးပြုပြီး လေ့လာနိုင်ပါပြီ။ ဒီသင် ယူလေ့လာမှုနယ်ပယ်ဟာ ရေ ကြောင်းလောကအတွက် ရေရှည် သင်ယူလေ့လာမှုအခွင့်အလမ်း တွေအဖြစ် အသိပညာပြန့်ပွား စေမှာပါ''ဟု ဆိုသည်။

ယင်းလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စက်တင်ဘာ ၁၄ ရက် ည ၆နာရီခွဲတွင် ရန်ကုန်မြို့ ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် ကမ္ဘာ့ ရေကြောင်းတက္ကသိုလ်၏ဥက္ကဋ္ဌ Dr.Bjorn Kjerfve က ''မြန်မာ နိုင်ငံရေကြောင်းပညာတက္ကသိုလ် ကို လိုအပ်တဲ့ ရေကြောင်းနည်း ပညာတွေ၊ သင်ထောက်ကူပစ္စည်း တွေနဲ့ သင့်တော်တဲ့ပတ်ဝန်းကျင် အနေအထားဖြစ်အောင် ဖန်တီး ပေးဖို့ ဆန္ဒရှိပါတယ်။ ပင်လယ် ပြင်ဆိုင်ရာ အသိပညာဗဟုသုတ တွေကိုလည်း ထောက်ပံ့ပေးဖို့ အစီအစဉ်တွေရှိပါတယ်။ မြန်မာ နိုင်ငံမှာ ပင်လယ်ရေကြောင်းဆိုင် ရာ ဖွံ့ဖြိုးတိုးတက်ရေးဟာ အ ရေးကြီးပါတယ်။ ဒါကြောင့် ဒီမှာ ရှိတဲ့ကျောင်းသားတွေကို မာစ တာနဲ့ ပီအိတ်ခ်ျဒီလယ်ဗယ်တွေ အထိ နည်းပညာတွေ ထောက်ပံ့ ပေးသွားမှာပါ''ဟု ပြောသည်။

Yangon Media Group

No comments:

Post a Comment