ပုသိမ် မြို့တွင် စက်တင်ဘာ ၁၂ ရက်က ပုဒ်မ ၁၈ဖြင့် အမှုရင်ဆိုင်ရမည့် သူအတွက် လိုက်ပါခဲ့ကြသည့် လယ်သမားများ တရားရုံးသို့ စီ တန်းသွားရောက်မှုကြောင့် ထိုနေ့ စစ်ဆေးမည့်အမှုများ အားလုံးကို ရက်လွှဲချိန်းဆိုပေးခဲ့သည်ဟု သိ ရသည်။
ပုသိမ်မြို့တွင် ဇူလိုင် ၄ ရက်က တောင်သူ ၂၀၀ ကျော် ဖြင့်
ဆန္ဒထုတ်ဖော်ရာတွင် ဦး ဆောင်ခဲ့သူ ဦးထွန်းထွန်းဦးနှင့် ဦးသန်းဝင်းတို့
နှစ်ဦးကို ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ရာ ယနေ့တရား ရုံးအမှုချိန်း
သုံးချိန်မြောက်ချိန်း ဆိုသည့်နေ့တွင် လိုက်ပါလာကြ သည့် လယ်သမားများ
မြို့နယ် တရားရုံးသို့ စီတန်းသွားရောက် မှုတွင် ရွှေမုဋ္ဌောဘုရားရှေ့မှ
စတင်ထွက်ခွာရာ အစိုးရရုံးရှေ့ ကိုဖြတ်ပြီး မြို့နယ်တရားရုံးသို့
စီတန်းလှည့်လည်ခဲ့ကြသည်ဟု သိရပြီး ၎င်းတို့ကို ဝန်းရံလာကြ သည့်
လူမှုကွန်ရက်အဖွဲ့အစည်း များ၊ သတင်းယူကြသည့် သတင်း အဖွဲ့များ၊
မီဒီယာများကြောင့် တရားရုံးတွင် အမှုရင်ဆိုင်လျက် ရှိသည့်
အမှုသည်များနှင့်တွေ့ ဆုံသည့်အခါ မလိုလားအပ်သော အခြေအနေများ ရှုပ်ထွေးသွား
မည်စိုး၍ မြို့နယ်တရားတစ်ခု လုံးရှိ အမှုများကို ရက်လွှဲချိန်း
ဆိုခဲ့ခြင်းဖြစ်သည်ဟု တရားရုံး နှင့် နီးစပ်သူများထံမှ သိရသည်။
''ဒီနေ့ကျွန်တော်တို့လယ် သမားတွေထဲမှာသီးစားကြောင့်
လယ်အသိမ်းခံရတဲ့သူလဲပါတယ်၊ စိုက်ပျိုးစရိတ်မကျေလို့ ကူဆပ် သူက
လယ်ကိုသိမ်းသွားတာလဲ ပါတယ်။ ဒီနေ့လိုက်ပါသူတွေ အားလုံးက လယ်ယာတွေနစ်နာ
ခဲ့သူတွေကြီးပါပဲ''ဟု လာရောင်း ကျေးရွာမှတောင်သူ ကရင်အမျိုး သားတစ်ဦးက
ပြောသည်။
ပုဒ်မ ၁၈ဖြင့် အမှုရင်ဆိုင် သူဘက်မှ လိုက်ပါလာကြသည့်
လယ်သမားများမှာ ကြက်တူရွေး ကျေးရွာအုပ်စု၊ မဒေါ့ကုန်းကျေး ရွာအုပ်စု၊
သလပ်ခွာကျေးရွာ အုပ်စု၊ လာရောင်းကျေးရွာအုပ် စု၊ ကျောင်းကုန်း၊
မော်ကျွန်းစသည် မှ လယ်သမား၆ဝနီးပါး လိုက်ပါ ခဲ့ကြရာတွင် ပုဒ်မ ၄၄ရဖြင့်
တရား စွဲဆိုခံရသူ ၂၁ဦး၊ အမှုရင်ဆိုင် ရမည့် ဦးစံထွေးပါ သုံးဦးတို့
ပါဝင်ကြပြီး ပုဒ်မ-၁၈ဖြင့် အမှု ရင်ဆိုင်ရမည့် ကိုထွန်းထွန်းဦးနှင့်
ဦးသန်းဝင်းတို့မှာ ပြစ်မှုဆိုင်ရာ အမှတ်(ရာကြီး) ၁၉၁၂/၂၀၁၃ ကို
စစ်ဆေးရန်ဖြစ်ပြီး တရားစွဲ ဆိုခဲ့သူ အမှတ်(၂)ရဲစခန်း (ကိုသိန်း) မှ
စခန်းမှူးရဲအုပ်စိန်လင်းအား တရားလိုအဖြစ် စစ်ဆေးရန် မြို့ နယ်တရားသူကြီး
ဦးမြင့်အောင် ၏ရုံးတွင် ချိန်းဆိုထားသောအမှု နှင့်ပတ် သက်ခြင်းဖြစ်သည်ဟု
သိရသည်။
Yangon Media Group
No comments:
Post a Comment