ချဲလ်ဆီးဟာ အီတူး ဦးဆောင်တဲ့ တိုက်စစ်ပိုင်းနဲ့ ပွဲထွက်လာခဲ့ပြီး
အခွင့်အရေး တော်တော်များများရခဲ့ပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့်
ဂိုးမရခဲ့ဘဲ အဲဗာတန်ကတော့ ရရှိလာတဲ့ အခွင့်အရေးကို
ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကြောင့် (၃)ပွဲဆက် သရေရလဒ်ကို အဆုံးသတ်ပြီး
အိမ်ကွင်းနိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။
ပွဲအစ (၄)မိနစ်မှာပဲ ချဲလ်ဆီးတို့
ဂိုးသွင်းခွင့်စရခဲ့ပြီး ရာမီရက်ဇ် ဖန်တီးပေးတာကို (၈)ကိုက်အကွာကနေ အီတူး
ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးဘားပေါ်က ကျော်သွားတဲ့အတွက် နစ်နာခဲ့ရပါတယ်။
အဲဗာတန်ဟာ လေးယောက်တန်း ခံစစ်ကြောင်းရဲ့ ရှေ့မှာ ဘာရီကို
ကြိုဖျက်စေခဲ့ပေမယ့် ချဲလ်ဆီးကပဲ တိုက်စစ်ဆင်သွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့
ပွဲချိန်(၈)မိနစ်အရောက်မှာတော့ အဲဗာတန်တို့ ပထမဆုံး ဂိုးရခွင့်ကြုံခဲ့ပြီး
ဂျီလာဗစ် ခေါင်းတိုက်ခဲ့ရာမှာ ပီတာချက် ကာကွယ်သွားနိုင်ခဲ့သလို
ဒီနောက်မှာလည်း အဲဗာတန်တို့ အခွင့်အရေးထပ်မရခဲ့ပါဘူး။ ချဲလ်ဆီးတိုက်စစ်ကို
ဦးဆောင်လာတဲ့ အီတူးဟာ ခြေစွမ်းခြေစ ရှိသေးတယ်ဆိုတာကို
ထုတ်ပြနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ အရင်လို မသေချာတော့တာ
တွေ့ခဲ့ရပါတယ်။
အဲဗာတန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့
ပထမပိုင်း နာကျင်အချိန်ပိုမှာ အော့စမန် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကတစ်ဆင့်
ဂျီလာဗစ်ထပ်ဆင့်ခေါင်းတိုက်ချပေးရာမှာ နေးစမစ်က
ပြေးဝင်ခေါင်းတိုက်ခဲ့တာဖြစ်ပါတယ်။ ဒီကစားသမားအတွက်
အခုဂိုးဟာ(၂၇)နှစ်မြောက်
မွေးနေ့လက်ဆောင်ဖြစ်ခဲ့ပေမယ့် မော်ရင်ဟို အတွက်တော့ ပထမဆုံးရှုံးပွဲကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။
ဇော်ထွန်း(ရိုးရာလေး)
No comments:
Post a Comment