Pages

16.9.13

နစ်ဆန်းကားများ မြန်မာနိုင်ငံမှာ ထုတ်မည်ဟု သတင်းထွက်

ဂျပန်နိုင်ငံက ကမ္ဘာကျော် Nissan မော်တော်ကား ကုမ္ပဏီကြီးက သူရဲ့အကျိုးတူလုပ်ဖက် Malaysia Tan Chong ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အသေးစား လူစီးကားတွေနဲ့ ထရပ်ကားတွေ ထုတ်လုပ်သွားဖို့ အစီအစဉ် ရေးဆွဲနေကြောင်း ဂျပန်နိုင်ငံထုတ် နစ်ကေ စီးပွားရေးသတင်းစာကြီးက ဒီနေ့ ဖေါ်ပြလိုက်ပါတယ်။


Tan Chong ကုမ္ပဏီက မြန်မာပြည်တွင်းမှာ စက်ရုံဖွင့်ပြီး နစ်ဆန်း မော်တော်ယာဉ် ထောင်ပေါင်းများစွာ နှစ်စဉ်တပ်ဆင် ထုတ်လုပ်သွားဖို့ စီစဉ်နေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ သွင်းကုန်အခွန်နှုန်းထား မြင့်မားတဲ့အတွက် ကားဈေးတွေ ကြီးမြင့်နေကြောင်း၊ ဒါကြောင့် တခြားအရှေ့တောင်အာရှနိုင်ငံတွေက ထုတ်လုပ်တဲ့ မော်တော်ယာဉ် အစိတ်အပိုင်းတွေတင်သွင်းပြီး မြန်မာနိုင်ငံတွင်းမှာ တပ်ဆင်ထုတ်လုပ်ရောင်းချသွားမှာဖြစ်ကြောင်း နစ်ကေ စီးပွားရေးသတင်းစာက ရေးသားထားပါတယ်။

ဂျပန်နိုင်ငံမှာ ရုံးပိတ်ရက် ဖြစ်နေတဲ့အတွက် နစ်ဆန်းကုမ္ပဏီကို အတည်ပြုမေးမြန်းလို့တော့ မရသေးဘူးလို့လည်း ဆိုပါတယ်။

ဂျပန်နိုင်ငံရှိ Suzuki မော်တော်ကားကုမ္ပဏီက မြန်မာနိုင်ငံတွင်းမှာ မော်တော်ယာဉ်ထုတ်လုပ်မှု ပြန်လည်စတင်မယ်လို့ အခုနှစ်ဆန်းပိုင်းက ကြေညာထားခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုအခြေစိုက် Ford ကုမ္ပဏီကလည်း မော်တော်ယာဉ်ပြခန်းတစ်ခု လာရောက်ဖွင့်လှစ်မယ်လို့ မကြာသေးခင်က ကြေညာခဲ့ပါတယ်။

RFA

No comments:

Post a Comment