တယ်လီနောမြန်မာကုမ္ပဏီက အမှုဆောင်အရာရှိချုပ်ရုံး၊ Corporate Affairs၊ ဘဏ္ဍာရေး၊ ဈေးကွက်ချဲ့ထွင်ရေး၊ ဝန်ထမ်းရေးရာနှင့် နည်းပညာပိုင်းဌာနများတွင် တာဝန်ထမ်းဆောင်ရန် လိုအပ်သော ရာထူးနေရာ ၁၄၆ နေရာအတွက် ဝန်ထမ်း လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း ဖြစ်သည်။
“ဒီနေ့စခေါ်တာပါ။ ရာထူးက တစ်ရာကျော်ရှိတယ်။ အရင်က ၂၇ နေရာပဲ ခေါ်ထားတာ။ အခုရာထူး အရေအတွက် ထပ်တိုးခေါ်တာ” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
တယ်လီနောမြန်မာတွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားလိုသူများမှာ http://www.telenor.com/
“တယ်လီနောက လူခေါ်မယ်ဆို ကတည်းက စိတ်ဝင်စားနေတာ။ ပထမ တစ်ခေါက်ခေါ်တုန်းက ထိပ်ပိုင်း ရာထူးတွေဆိုတော့ မလျှောက်ဖြစ်ဘူး။ ဒီတစ်ခါတော့ Marketing ဘက်မှာ လျှောက်မယ်” ဟု ပြည်တွင်း အီလက်ထရွန်နစ်ကုမ္ပဏီ တစ်ခုတွင် လုပ်သက်လေးနှစ်ရှိ Marketing Executive ဒေါ်ဟေမာန်က ဆိုသည်။
တယ်လီနောမြန်မာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း အရေအတွက် စုစုပေါင်း သုံးထောင်ခန့် ခေါ်ယူ မည်ဖြစ်ပြီး မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်း အသုံးပြုမည် ဖြစ်ကြောင်း ကြေညာထားသည်။
The Voice Weekly
No comments:
Post a Comment