ပရိသတ်များထံမှ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လာသည့်နောက်
ကလပ်အသင်း၏ အမှတ်တံဆိပ်တွင် အသင်းဆောင်ပုဒ်ကို ပြန်လည် တပ်ဆင်ရန် အဲဗာတန်က
ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ Nil Satis Nisi
Optimumဟု ရေးထိုးထားလေ့ရှိသည့် ဆောင်ပုဒ်ကို ယခုရာသီ အသင်းက အသုံးပြုသော
တံဆိပ်အသစ်တွင် အဲဗာတန်က ဖယ်ရှားထားခဲ့သည်။ အဆိုပါ ဆောင်ပုဒ်၏ အဓိပ္ပါယ်မှာ
"အကောင်းဆုံးကလွဲပြီး ဘာကမှ လုံလောက်တဲ့ ကောင်းမွန်မှု မဟုတ်ဘူး"ဟူ၍
ဖြစ်သည်။
အသင်းတံဆိပ်တွင် (၇၅)နှစ်ကြာ တည်တံ့ခဲ့သော ဆောင်ပုဒ်သည်
တံဆိပ်ဒီဇိုင်း အပြောင်းအလဲတွင် ကွယ်ပျောက်သွားခဲ့သည်။ တံဆိပ်သစ်နှင့်
ပတ်သက်ပြီး ပရိသတ်များက မနှစ်သက်ကြောင်း Onlineမှတစ်ဆင့် အရေးဆိုမှု
ပြုလုပ်ခဲ့ပြီး ပရိသတ် (၂၂၀၀၀)ကျော် ပါဝင် လက်မှတ်ရေး
ထိုးခဲ့ရာ မေလအတွင်းက အဲဗာတန်က ပရိသတ်များကို တောင်းပန်ခဲ့
ရသေးသည်။ ယခုအခါ ကလပ်အသင်း အမှတ်တံဆိပ် အပြောင်းအလဲ
အတွက် ဒီဇိုင်း(၃)ခု ရွေးချယ်ပေးထားပြီး ပရိသတ်များကို မဲပေးရွေးချယ်စေ
ရန် စီစဉ်ထားသည်။
ထို့အပြင် အမှတ်တံဆိပ်တွင် အသင်း၏ ဆောင်ပုဒ်ကိုပါ ပြန်လည်
ထည့်သွင်းသွားမည်ဟု သိရသည်။ အဲဗာတန် အသင်း၏ လူထုဆက်ဆံရေး အရာရှိဖြစ်သူ အလန်
မိုင်ယာစ်က "ပရိသတ်တွေဆီက ရှင်းလင်းတဲ့ ဆန္ဒအသံတစ်ခု ထွက်ပေါ်လာပါပြီ။ Nil
Satis Nisi Optimum ဆောင်ပုဒ်
ဟာ အသင်းအမှတ်တံဆိပ်သစ်မှာ ပြန်ပါဝင်လာပါမယ်။
ဘာကြောင့်လဲဆိုတော့ ဆန္ဒပြုတဲ့ ပရိသတ် (၉၆)ရာခိုင်နှုန်းလောက်က
ဒီဆောင်ပုဒ်ကို ပြန်မြင်ချင်နေလို့ပါပဲ"ဟု ပြောကြားခဲ့သည်။ စပိန်တွင်
နေထိုင်သော အဲဗာတန် ပရိသတ် တစ်ဦးသည် လီဗာပူးလ်မြို့ရှိ ဂွတ်ဒီဆင်ပါ့ခ်
ကွင်းကြီးထိ ရောက်လာကာ ဒီဇိုင်းသစ်ကို မကြိုက်ကြောင်း
ဝေဖန်ခဲ့ကြောင်းလည်း မိုင်ယာစ်က ဆိုသည်။ ၎င်းက "အသင်းပရိသတ်တွေ အမြင်မှာတော့ ဒီဆောင်ပုဒ်ဟာ မြင့်မြတ်တဲ့ အထိမ်းအမှတ် တစ်ခုလောက်
ကို ဖြစ်နေပါတယ်"ဟု မှတ်ချက်ပြုသွားသည်။
Planet Myanmar Network
No comments:
Post a Comment