အသက်(၂၃)နှစ်ရှိ Countryဂီတ အဆိုတော်မလေးသည် (၂၀၁၀)ပြည့်နှစ်က Valentine's
Day ဇာတ်ကားတွင် အတိုင်းအတာ တစ်ရပ်ထိ ပါဝင် သရုပ်ဆောင်ခဲ့ဖူးသည်။
အဆိုတော် ဘဝတွင် အောင်မြင်မှုများ
ရရှိနေသည့်နောက် သရုပ်ဆောင် ဘဝသို့ ကူးပြောင်းဝင်ရောက်ရန်
စိတ်ဝင်စားနေကြောင်း တေလာဆွစ်ဖ်က ဖွင့်ဟ ပြောကြားခဲ့သည်။ အသက်(၂၃)နှစ်ရှိ
Countryဂီတ အဆိုတော်မလေးသည် (၂၀၁၀)ပြည့်နှစ်က Valentine's Day ဇာတ်ကားတွင်
အတိုင်းအတာ တစ်ရပ်ထိ ပါဝင် သရုပ်ဆောင်ခဲ့ဖူးသည်။ သူမသည် ရိုက်ကူးရန်
စီစဉ်နေသည့် The Secret Service ဇာတ်ကားတွင် ပါဝင်ဖြစ်မည်ဟုလည်း
သတင်းကြီးလျှက် ရှိသည်။ ယခုအခါ တေလာ ကိုယ်တိုင်က သရုပ်ဆောင် အလုပ်ကို
လိုလိုလားလား အစပြုရန် စိတ်ဝင်စားနေကြောင်း ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။
"ကျွန်မစိတ်ထဲမှာ ဒီအကြောင်းကို အမြဲတမ်း တွေးနေမိပါတယ်။ ဒါဟာ
နယ်ပယ်တစ်ခုတည်း ဖြတ်သန်းနေတာထက် ပိုသင့်တော်မယ်လို့ ထင်လို့ပါ"ဟု တေလာက
ဆိုသည်။
သူမက "ကျွန်မအတွက် သရုပ်ဆောင် အလုပ်ဟာ အတွေ့အကြုံ
နည်းနည်းတော့ ရှိခဲ့ပြီးသား အရာပါ။ ဒါဟာ အံ့ဩစရာ ဖြတ်သန်းမှုလည်း
ဖြစ်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ ကျွန်မအတွက် သီချင်းတွေအပေါ်
အာရုံစိုက်ထားဆဲ ဖြစ်ပါတယ်။ ကျွန်မအတွက် ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ၊
သီချင်းသစ် ရေးသားမှုတွေကနေ ခဏတာ ခွဲခွာရတာတောင် ထူးထူးဆန်းဆန်းကြီး
ဖြစ်နေတာပါ။ ဒါပေမဲ့ ကောင်းမွန်လွန်းတဲ့ ဇာတ်ညွှန်းတစ်ခုခု ဆိုရင်တော့
ကျွန်မအတွက် သရုပ်ဆောင်အလုပ် အစပြုဖို့ ဆွဲဆောင်နိုင်ပါလိမ့်မယ်"ဟု
ဖွင့်ဟသွားသည်။
Planet Myanmar Network
No comments:
Post a Comment