ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်စည်းကမ်းကျူးလွန်ဖောက်ဖျက် သော
ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက် ၁၉၅ ဦးအား ယာဉ်လိုင်းမှ
ရာသက်ပန်ထုတ်ပယ်သည့် ပြစ်ဒဏ်
ချမှတ်အရေးယူခဲ့ကြောင်း မထသ(ဗဟို)တာဝန်ရှိ သူတစ်ဦး ထံမှ သိရ သည်။
အဆိုပါ
ထုတ်ပယ်လိုက်သည့် ယာဉ်လုပ်သား ၁၉၅ ဦးမှာ ဇန်နဝါရီ လမှစက်တင်ဘာလအထိ ကိုးလ
အတွင်း ယာဉ်စည်းကမ်းကျူးလွန် ဖောက်ဖျက်ခဲ့၍ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
“ယာဉ်စည်းကမ်းဖောက်ဖျက်ကျူး လွန်တဲ့
ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေကို ယာဉ်လိုင်းကနေထုတ်ပယ် တဲ့အထိ
ပြစ်ဒဏ်ချမှတ် အရေးယူခဲ့တယ်။ အချို့ယာဉ်လုပ်သား တွေကိုလည်း
ယာဉ်စည်းကမ်းဖောက် ဖျက်ရင်သတ်မှတ် ထားတဲ့ စည်းကမ်းချက် (၁၃၈) ချက်နဲ့အညီ
အရေးယူဆောင် ရွက်နေပါတယ်” ဟု မထသ (ဗဟို) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ထုတ်ပယ်ခဲ့သည့် အမှုများမှာ
ယာဉ်မတော်တဆမှုကြောင့် ၅၈ ဦး၊ ဒဏ်ကြေး ပေးဆောင် နိုင်ခြင်းမရှိသဖြင့် ၈၅ ဦး၊
ကြွေးကျန်မှုကြောင့် ပါရမီယာဉ်လိုင်းမှ ငါးဦး၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု
(ယာဉ် လုပ်သားအချင်းချင်း) ၁၀ ဦး ၊ ခိုက် ရန်ဖြစ်ပွားမှု(ခရီးသည်)နှင့် ၁၃
ဦး၊ ယာဉ်စွန့်ခွာရန် ခွင့်မဲ့ပျက်ကွက်မှု ၁၅ ဦး၊
ယာဉ်မောင်းလိုင်စင်မပါရှိမှုနှစ်ဦး၊ ခရီးသည်အား မချေမငံဆက်ဆံမှု
ခုနစ်ဦးတို့ဖြစ်ကြောင်း မထသ(ဗဟို)ရှိ စာရင်း များအရ သိရသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
No comments:
Post a Comment