ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ် ဆို့မှုများကို အတိုင်းအတာတစ်ခု အထိ
ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး အတွက် အထပ်မြင့် ကားပါကင်များ ကို မကြာမီ
တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်
ပလက်ဖောင်းများကို ချဲ့ ထွင်ကာ ယာဉ်ရပ်နားရန် နေရာများ
ပြုလုပ်ပေးလျက်ရှိသည်။ သို့သော် ယခင်က ရန်ကုန်မြို့တော်တွင် မော်
တော်ယာဉ်အစီးရေး တစ်သိန်း ခန့် သာရှိနေခဲ့သော်လည်း ယခုအခါ မော်တော်ယာဉ်
သုံးသိန်းခန့်အထိ ရှိလာခဲ့ပြီးဖြစ်ပြီး မော်တော်ယာဉ် အစီးရေ အရေအတွက်
ထပ်မံတိုးတက် များပြားလာမည်ဖြစ် သည်။ ထို့ကြောင့် ကားပါကင်များထပ်မံ
လိုအပ်လာမည် ဖြစ်သည်။ တိုးတက်လာမည်မော်တော် ယာဉ်များနှင့်
လိုက်လျောညီထွေဖြစ် စေရန် အထပ်မြင့်ကားပါကင်များ တည်ဆောက်ရန်
စီစဉ်ဆောင်ရွက် ခြင်းဖြစ်သည်။ လက်ရှိတွင်အထပ်မြင့် ကားပါကင်များ
တည်ဆောက်ရန် စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်း ရှင်များနှင့် ညှိနှိုင်း
ဆွေးနွေးလျက် ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆိုပါ အထပ်မြင့်
ကားပါကင်များကို ကွေ့ ပတ်တက် သည့်ပုံစံဖြင့် တည်ဆောက်ရန်စီစဉ် နေပြီး
ဆောက်လုပ်မည့်စီးပွားရေး လုပ်ငန်းရှင်များမှ ဓါတ်လှေခါးဖြင့် လုပ်ဆောင်ရန်
အဆိုပြုထားကြောင်း သိရသည်။
ဇာညီသစ္စာ
ပို့ဆောင်ရေးသတင်းဂျာနယ်
No comments:
Post a Comment