Pages

22.9.13

စင်ကာပူ ဝါရင့်သရုပ်ဆောင် ဇီရှဲဂွေ ဗုဒ္ဓသာသနာ့ဘောင်သို့ဝင်

ဝါရင့် စင်ကာပူသရုပ်ဆောင်ဟောင်း တစ်ဦးဖြစ်သူ ဇီရှဲဂွေဟာ စင်ကာပူ-မလေးရှား နယ်စပ် မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှာရှိတဲ့ ပေါင်တီယန် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးဝတ်သွားတယ် လို့ စင်ကာပူထုတ် CNA သတင်းမှာ ဖော်ပြထားပါတယ်။


သူဟာ ၂၀၀၅ ခုနှစ်ကစပြီးတော့ သရုပ်ဆောင်လောကက အနားယူပြီးတဲ့ နောက်မှာ သိုသိုသိပ်သိပ် နေထိုင်နေသူ တစ်ဦးဖြစ်ပြီးတော့ သူ့မိတ်ဆွေတွေ နဲ့လည်း အဆက်အသွယ် သိပ်မလုပ်ဘူးလို့ အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။

စင်ကာပူ သရုပ်ဆောင်ဟောင်း ဇီရှဲဂွေ ဗုဒ္ဓဘာသာဘုန်းကြီး ဝတ်သွားတာနဲ့ ပတ်သက်လို့ ဝါရင့် အမျိုးသမီးသရုပ်ဆောင် တစ်ဦးဖြစ်သူ လီမိုင်ဂျိုက သူမရဲ့ မန်နေဂျာကနေ တစ်ဆင့် ပြောကြားရာမှာ ဇီ ဘုန်းကြီးဝတ်သွားတဲ့ အကြောင်းကို မသိကြောင်း မီဒီယာတွေမှာ သတင်းတွေ့လို့သာ သိရတယ်လို့ဆိုပါတယ်။

နောက်ပြီး မင်းသားဇီ နဲ့အတူ Holland V ရုပ်သံဇာတ်လမ်းတွဲမှာ လက်တွဲခဲ့ဖူးတဲ့ သရုပ်ဆောင် ကျန်းဂျီပင်းက ဇီအခုလို ဘုန်းကြီးဝတ်သွားတဲ့ သတင်းကြားရလို့ အံ့သြမိတဲ့ အကြောင်း ပြောကြားပါတယ်။

အခု ဗုဒ္ဓဘာသာဘုန်းကြီးဘဝကို ခံယူသွားတဲ့ စင်ကာပူ ဝါရင့်သရုပ်ဆောင် ဇီဟာ အကောင်းဆုံး သရုပ်ဆောင်ဆု များစွာ ရရှိခဲ့ဖူးသူ ဖြစ်ပြီးတော့ The Golden Pillow, Stand By Me နဲ့ Holland V ရုပ်သံဇာတ်လမ်းတွဲ တွေနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိခဲ့ဖူးသူ တစ်ဦး ဖြစ်ပါတယ်။

သူနောက်ဆုံး သရုပ်ဆောင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ ကတော့ ၂၀၀၅ ခုနှစ်က Baby Blues ဆိုတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပြီးတော့ သရုပ်ဆောင်ချန်လီပင်းနဲ့ တွဲဖက်ထားတာဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment