ယင်းကျေးရွာများသည် ယခင်က ကျိုင်းတုံမြို့နယ် တာပင်းကျေးရွာအုပ်စုတွင် ပါရှိခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် မိုင်းလားမြို့နယ် အတွင်းသို့ ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ကျိုင်းတုံခရီးစဉ်တွင်လည်း ယင်းကျေးရွာရှစ်ရွာမှ ဒေသခံလူထု၏ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးနေရခြင်းကို ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဗီဆင်က တင်ပြခဲ့သည့်အတွက် နှစ်လအတွင်း ဆောင်ရွက်ရန် ပြောဆိုထား၍ ယင်းကျေးရွာများကို စစ်တမ်းများ လာရောက် ကောက်ယူနေပြီ ဖြစ်ကြောင်း ဒေသခံတို့၏ အဆိုအရ သိရသည်။
“ကျိုင်းတုံနဲ့ မိုင်းဆတ်ဘက်ကို သွားတော့လည်း မှတ်ပုံတင်မရှိလို့ စစ်ဆေးတဲ့ ဂိတ်တွေက ဝင်ထွက်ခွင့် မပေးကြဘူး။ မှတ်ပုံတင် လုပ်ရအောင် ဆိုတော့လည်း မိုင်းလားမှာက ဘာအစိုးရရုံးဌာနမှ မရှိတော့ ဒီရွာကလူတွေမှာ ဟိုသွားမရ၊ ဒီလာမရနဲ့” ဟု တာပုံကျေးရွာအုပ်စု ပြည်သူ့စစ်ခေါင်းဆောင် ဦးလီရှဲက The Voice သို့ ပြောကြားသည်။
မိုင်းလားမြို့နယ်အတွင်း ယင်းကျေးရွာများ ပါဝင်သည်ဟု ဆိုသော်လည်း ယခုအချိန်ထိ ယင်းဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်ဆောင်ရွက်ပေးခြင်း
“ဝန်ကြီးဌာနအနေနဲ့ မှတ်ပုံတင် လုပ်ပေးလိုက်ပါလို့ ခိုင်းရင်တော့ ကွင်းဆင်းပြီး သွားလုပ်ပေးလို့ရတယ်။ မိုင်းလားမှာ မှတ်ပုံတင် သွားလုပ်ပေးရင်တောင် အထူးဒေသ ၄ က ခွင့်ပြုမှ သွားလာခွင့်ရတာ” ဟု ကျိုင်းတုံမြို့နယ် လဝကဦးစီးမှူး ဦးစိုင်းရှဲန်တွီက The Voice သို့ ပြောဆိုသည်။
အဆိုပါ ကျေးရွာအုပ်စုတွင် ယခင်ကျိုင်းတုံမြို့နယ်အနေန
မိုင်းလားမြို့နယ် အတွင်းသို့ ပါဝင်သွားသည့် ရွာရှစ်ရွာမှာ ၂၃မိုင်၊ ၂၄မိုင်၊ ၂၆မိုင်၊ ၂၇မိုင်၊ ၂၈မိုင်၊ ဟွေဟုတ်၊ ဟွေဖားနှင့် ဝမ်ထာလု ရွာတို့ဖြစ်ပြီး နမ့်လွေချောင်း အရှေ့ဘက် ကျိုင်းတုံ-မိုင်းခတ်-မိုင်
The Voice Weekly
No comments:
Post a Comment