ရန်ကုန်တိုင်းဒေသကြီးတွင် အသက်မပြည့်သော ကလေးများ
အဓမ္မပြုကျင့်ခံရမှုများပြားလာရာ ၄င်းတို့ ၏ လုံခြုံရေးအတွက် အစိုးရနှင့်
အရပ်ဘက်အဖွဲ့အစည်း များ ကာကွယ်ပေးရန်လိုအပ်လာပြီဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်က ပြောသည်။
၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၈ လတာကာလအတွင်း ရန်ကုန်မြို့၌
မုဒိမ်းမှု ၉၇ မှု ဖြစ်ပွားခဲ့ပြီး ယင်း၌ သက်ငယ်မုဒိမ်းမှုအနေဖြင့် အသက် ၁ဝ
နှစ်အောက် ၁၂ မှု၊ ၁ဝ နှစ်မှ ၁၃ နှစ် ကြား ၃၁ မှု၊ ၁၄ နှစ်မှ ၁၅ နှစ်ကြား ၁၄
မှုနှင့် ၁၆ နှစ်မှ ၁၇ နှစ်ကြား ၁၂ မှု စုစုပေါင်း ၆၉ မှု ဖြစ်
ပွားခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီး
တင်ဝင်းက ထပ်လောင်းပြောသည်။
မြန်မာနိုင်ငံ၌ မိဘများက
သွယ်ဝိုက်သောနည်း ဖြင့် လိင်ပိုင်းဆိုင်ရာ အသိပေးမှု အားနည်းခြင်းမျိုးရှိရာ
ကျောင်းများတွင် အသိပညာပေး အစီအစဉ်များကို လုပ်ပေးရ န်လိုပြီး၊
ရပ်ကွက်အခြေပြု ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့များ ထားရှိပေးရန် လိုအပ်နေ
သည်ဟု ဦးထွန်းလွင်က ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး
ကလေးသူ ငယ်အခွင့်အရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းပြီးဖြစ်ပြီး
ရှေ့လုပ်ငန်းစဉ်အနေဖြင့် ခရိုင်၊ မြို့နယ်၊ ကျေးရွာနှင့် ရပ်ကွက် များအထိ
ကော်မတီများ ဖွဲ့စည်းသွားရန်ရှိ သည်ဟု ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် မုဒိမ်း မှု ကျူးလွန်ရသည့်
အခြေခံအကြောင်းရင်းများကို လေ့ လာကာ ညစ်ညမ်းဗွီဒီယိုခွေများ တားမြစ်ရေး၊
မူးယစ် ဆေး ဝါးနှင့်ကာမစိတ်ကြွ ဆေးဝါးများ ဖမ်းဆီး ဆောင် ရွက်ရေး အပါအဝင်
ပညာပေးဆွေးနွေးမှုတို့ကို ဆောင် ရွက်နေသည်ဟု သိရသည်။
၂ဝ၁၂
ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ မုဒိမ်း မှု ၁၃၅ မှု ဖြစ်ပွားခဲ့ပြီး ယင်း၌
သက်ငယ်မုဒိမ်းမှု ၈၈ မှု ပါရှိကြောင်း၊ အသက် ၁ဝ နှစ်အောက် မုဒိမ်းမှု ၁၅ မှု၊
၁ဝ နှစ်နှင့် ၁၃ နှစ်ကြား ၄၄ မှု၊ ၁၄ နှစ်နှင့် ၁၅ နှစ်ကြား ၂၁ မှု နှင့် ၁၆
နှစ်မှ ၁၇ နှစ်ကြား ၈မှုတို့ ပါဝင်ကြောင်း သိရသည်။
ဝေမာထွန်း
Popular Myanmar News Journal
No comments:
Post a Comment