မြန်မာအလုပ်သမားတွေကို လုပ်အားခမပေးပဲ ခိုင်းစေခဲ့တဲ့ အလုပ်ရှင်ကို
လျော်ကြေးငွေအနေနဲ့ ထိုင်းဘတ်ငွေ ၈သောင်းကျော် ပြန်လည်ပေးအပ်ဖို့
တရားရုံးကအမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ M1 အထည်ချုပ် စက်ရုံမှာ
အလုပ်လုပ်ခဲ့တဲ့ မြန်မာအလုပ်သမား ၁၉ဦးကို အလုပ်ရှင်က လုပ်အားခလစာမပေးပဲ ၄၅
ရက်ကြာ ခိုင်းစေခဲ့တဲ့အတွက် အလုပ်သမားရေး အကူအညီပေးနေတဲ့ JACBA အဖွဲ့ရဲ့
အကူအညီနဲ့ ထိုင်းအလုပ်သမားတရားရုံးကို ပြီးခဲ့တဲ့လ လကုန်ပိုင်းမှာ
တင်ပြတရားစွဲဆို ခဲ့တာဖြစ်ပါတယ်။
လုပ်အားခလစာ မပေးတဲ့အပေါ်
တရားစွဲဆိုတဲ့ကိစ္စကို မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများ အရေး
ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) တာဝန်ခံ ဦးမိုးကြိုးက အခုလိုပြောပါတယ်။
“ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားကာကွယ်ရေးရုံး ဆဝါဒီကန်ရုံးတို့
ဘာတို့နဲ့ ချိတ်ဆက်ပြီး တော့ သူတို့လုပ်အားခတွေ ပြန်ရအောင်လုပ်တော့ ဒီ ၁၉
ရက်အတွင်းမှာပဲ ဒီ ၁၉ ယောက်က စုစုပေါင်း သူတို့တွက်ချက်မှုကတော့ ဘတ် ၁
သိန်းခွဲလောက်ရှိတယ်၊ ဒါပေမယ့် အလုပ်ရှင်က ထွက်ချက်တာကတော့ ဘတ် ၈ သောင်း ၆
ထောင်ကျော်၊ အဲဒါကိုဒီနေ့ ပြန်ပေးလိုက်တယ်၊ အဲဒီတော့
ဒီနေ့ပထမအရစ်အနေနဲ့တော့ သူတို့ဘတ် ၁၇၀၀၀ ဝန်းကျင်လောက် ပေးလိုက်တယ်၊
ဒုတိယအရစ်အနေနဲ့ လာမယ့်အောက်တိုဘာလ ၂၂ ရက်နေ့ မှာ အပြီးချေမယ်။”
ဒီနှစ်ထဲမှာပဲ တာ့ခ်ခရိုင်အလုပ်သမားရုံးကို လုပ်အားခမရလို့ တိုင်ကြားတဲ့
အမှုပေါင်း ၄၅ မှုရှိခဲ့ပြီး အဲ့ဒီအထဲမှာ စက်ရုံအလုပ်ရုံ ၂၀ လောက်နဲ့
စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေက ၂၅
မှုလောက်ရှိခဲ့ကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် သန်းကျော်စိုး က
သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
No comments:
Post a Comment