၂၄.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန် လှိုင်သာယာမြို့နယ်နေ အငှားယာဉ်မောင်း
ကိုချစ်စံဝင်း သည် ၄င်းမောင်းနှင်သော CC/----၊ ပရိုဘောက်အငှားယာဉ်အား
လှိုင်သာယာမြို့နယ်၊ ဘီအိုစီအ၀ိုင်း၌ ရပ်ထားစဉ် အမည်မသိအမျိုးသား (၃)ဦးမှ
မီးခွက်ဈေးအောက်ထိပ်သို့ ငွေကျပ်(၁၅၀၀)ဖြင့် ငှားရမ်းသဖြင့်
လိုက်ပါပို့ပေးခဲ့ပါသည်။
မီးခွက်ဈေးအောက်ထိပ်သို့ ရောက်ရှိစဉ်
၎င်းတို့မှ စက်မှုဇုံ(၄)ဘက်သို့ ထပ်မံမောင်းနှင်ခိုင်းသဖြင့်
ဆက်လက်မောင်းနှင်လာခဲ့ရာ ဘုတ်ဆုံမမှတ်တိုင်အနီးအရောက်တွင်
အပေါ့သွားရန်ရပ်ခိုင်း၍
ရပ်ပေးခဲ့စဉ် အဆိုပါသူ(၃)ဦးမှ
အချွန်၊ဓါးမြှောင်များဖြင့်ထောက်ကာ ကိုချစ်စံဝင်း၏ လည်ပင်းတွင်ဆွဲထားသော
အလေးချိန်(၃)မတ်သားခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံးအား တစ်ဦးမှဖြတ်ယူခဲ့ပြီး
ကျန်နှစ်ဦးမှ ကိုချစ်စံဝင်းအား ယာဉ်နောက်ခန်းတွင် ညှပ်၍ထိုင်ခိုင်းထားကာ
ဆွဲကြိုးဖြတ်ယူသူမှ ရန်ကုန်-ပုသိမ်လမ်း အတိုင်း
ယာဉ်အားမောင်းနှင်သွားခဲ့ပါသည်။
ထိုသို့မောင်းနှင်သွားစဉ်
ဘုရားလမ်းမှတ်တိုင်အနီး၌ စက်ဘီးနှင့် ဆိုက်ကားတို့အားလည်းကောင်း၊
ဘီအိုစီအ၀ိုင်းမှတ်တိုင်အနီး၌ ရပ်ထားသော ချယ်ရီဝက်ဂွန်ယာဉ်အားလည်းကောင်း
တိုက်မိခဲ့ကာ ရန်ကုန်-ညောင်းတုန်းလမ်းအတိုင်း ဆက်လက်မောင်းနှင်သွားခဲ့ရာ
(၅)ထိပ်မှတ်တိုင်အနီး အရောက်တွင် ယာဉ်မှာလမ်းဘေးမြောင်းထဲသို့
ကျသွားခဲ့သဖြင့် ပတ်ဝန်းကျင်ရှိပြည်သူများနှင့်
လှည့်ကင်းရဲတပ်ဖွဲ့ဝင်များမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့၍ အဆိုပါလူ(၃)ဦးအနက်
ဇော်မင်း (ဘ)ဦးမောင်မောင်မြင့်၊ (၇)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နေသူအား
ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးသွားခဲ့ကြပါသည်။
ဖမ်းဆီးရမိသူ
ဇော်မင်းအား စစ်ဆေးချက်အရ ကျန်(၂)ဦးမှာ လှိုင်သာယာမြို့နယ်၊ (၉)ရပ်ကွက်နေ
သန်းဇော်ဖြိုး (ဘ)ဦးမြသန်းနှင့် (၇)ရပ်ကွက်နေ
ငြိမ်းသူ(ဘ)ဦးဇော်ဟိန်းတို့ဖြစ်ကြောင်း သိရှိရသဖြင့်
လိုက်လံစုံစမ်းဖမ်းဆီးရာ ၂၅.၉.၂၀၁၃ရက်နေ့ ၀၂၀၀အချိန်တွင် လှိုင်မြို့နယ်၊
သီရိမင်္ဂလာဈေးသစ်၌ အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။
အခင်းဖြစ်ပွားစဉ်
ဇော်မင်းပါ (၃)ဦးမှ ဓါးများဖြင့်ထောက်ခဲ့၍ ကိုချစ်စံဝင်းတွင်
လည်ပင်းယာဘက်၊ နောက်ကျောနှင့် ၀ဲ/ယာဝမ်းဗိုက်တို့တွင်
ပွန်းခြစ်ဒဏ်ရာများရရှိခဲ့ပါသည်။
အမှုမှ ဆွဲကြိုးနှင့် ယာဉ်အား
လုယက်ယူဆောင်ခဲ့ကြသူ ဇော်မင်း၊ သန်းဇော်ဖြိုး၊ ငြိမ်းသူတို့ (၃)ဦးအား
လှိုင်သာယာမြို့မရဲစခန်း (ပ)၁၀၈၈/၂၀၁၃၊ ပုဒ်မ ၃၉၄/၁၁၄ ဖြင့်အမှုဖွင့်ပြီး
သက်သေခံပစ္စည်းများ သိမ်းဆည်းကာ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment