- ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ အမေရိကန်နိုင်ငံအစပြုတဲ့ အနောက်အုပ်စုတွေနဲ့ ပြဿနာ မတက်ချင်ပါဘူး။ ဒီနေ့ ရုရှား၊တရုပ်တို့တောင် ညင်ညင်သာသာသိမ်သိမ်မွေ့မွေ့နဲ့ သွားပါတယ်။ ဒါပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် ဖြစ်လာပြီးတဲ့နောက်မှာ အကောင်းဆုံးကို မျော်လင့်ခဲ့သလို အဆိုးဆုံးကိုလည်း ပြင်ဆင်ရပါတယ်။ အဲဒီအတွက် စိန်ခေါ်မှုနဲ့ ပေးဆပ်ရမှုတွေက ကြီးမားပါတယ်။ယနေ့အချိန်ထိတောင် နောက်မြီးဆွဲ ခံနေရတုန်းပါပဲ။
ဒီကိစ္စတွေ ဖြစ်ပျက်ခဲ့မှု အချိန်ကာလက နိုင်ငံတော်မှာ တပ်မတော်အစိုးရ လုံးလုံးလျားလျား တာဝန်ယူထားချိန် ဖြစ်ပါတယ်။ ယနေ့ခေတ်လို ပါတီစုံဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ခံ၊အရပ်သားအစိုးရ မဟုတ်ပါဘူး။တစ်နည်းအားဖြင့်
အဲဒီတုန်းက နိုင်ငံ၏မူဝါဒသဘောထား ရပ်တည်ချက်အရ၊ ပထဝီနိုင်ငံရေး၊ သံတမန်ရေး၊ အကျိုးစီးပွားရေးများအရ ပတ်သက်ဆက်နွယ်ခြင်းမရှိလို့
- တပ်မတော်အစိုးရလက်ထက်မှာ အခြားအစိုးရများနည်းတူ State Building ဆောင်ရွက်ရပါတယ်။ အဲဒီအောက်မှာ Defence Building လဲ ပါလာပါတယ်။ တပ်မတော်အစိုးရဖြစ်လို့ အခြား Sector တွေထက် Professional ဖြစ်တဲ့ Defence ဘက်ကို ပိုအားသာတယ်လို့ ပြောရင်လည်း ဟုတ်နိုင်ပါတယ်။ အဓိကကတော့ အရပ်သားအစိုးရ / တပ်မတော်အစိုးရ /
- ပြန်ဆက်စပ်ရင် ဖော်ပြခဲ့တဲ့ သမိုင်းအခြေအနေတစ်ခုမှာ ဖော်ပြခဲ့တဲ့ State Building နှင့်အတူ ဖော်ပြခဲ့တဲ့ Defence Building ကို တပ်မတော်အစိုးရက ဆောင်ရွက်ခဲ့တယ် ဆိုပါတော့ဗျာ။ ဒီနေရာမှာ အဓိက Issue နှစ်ခုကို တွေ့ရပါတယ်။
ပထမတစ်ခုက အမေရိကန်အပါအဝင် အနောက်အုပ်စုက ပိတ်ဆို့အရေးယူမှုအမျိုးမျို
အကယ်၍ မြန်မာနွေဦး မရှိခဲ့ဘူးဆိုရင်၊ ၎င်းတို့ရဲ့ ထပ်ခါတလဲလဲ မွှေးနေတဲ့ တို့မီး ရှို့မီးတွေ ပြည်တွင်းလောင်စာအခံကြောင့်
ဒီတော့ အဲဒီတုန်းက တပ်မတော်ခေါင်းဆောင်များ တစ်ဖြစ်လဲ အစိုးရခေါင်းဆောင်များက အဆိုးဆုံးအခြေအနေထိ တွက်ဆပြင်ဆင်ခဲ့ပုံ ရပါတယ်၊ ဒါကြောင့် ကျုးကျော်စစ်ကို မျှော်ပြီး Defensive ဦးစားပေးတဲ့ ပြည်သူ့စစ်မဟာဗျုဟာဆိုတာ တွင်ကျယ် နေရာယူခဲ့တာလို့ ယုံကြည်နိုင်ပါတယ်။ ဆိုလိုရင်းကတော့ အမေရိကန်မဟာမိတ်တို့ရဲ့ ကျင့်ထုံးတွေကို ကောင်းကောင်းသဘောပေါက် နားလည်ပြီး Political Mean ကို ရှေ့တန်း၊ Military Mean ကို နောက်တန်းထားပြီး ခံစစ်ကစားခဲ့တယ်လို့ ယူဆပါတယ်။
ဒုတိယတစ်ခုက အမေရိကန်တို့နဲ့ သဟဇာတမဖြစ်တဲ့ နိုင်ငံတွေရဲ့ အနေအထားအများစုဟာ ဘေးကြပ်နံကြပ် ဖြစ်စေခြင်းပါပဲ။ အဖက်ဖက်က တရားတဲ့နည်း/
အဲဒီအချိန်တုန်းက မြန်မာပြည်ရဲ့ အနေအထားကိုလည်း ပြန်ကြည့်လို့ရပါတယ်၊ နိုင်ငံရေးမှာ အာဆီယံ၊မဲခေါင် အသိုင်းအဝန်း၊ ရုရှား၊တရုတ် ။ စီးပွားရေးမှာလည်း အာဆီယံထဲက စင်္ကာပူ/ထိုင်း/
ဒီတော့ ရတဲ့လက်နက်၊ နည်းပညာ၊ အတွေ့အကြုံနဲ့ မျော်မှန်းထားတဲ့ Great Potential Enemy ၊ ရင်ဆိုင်ဆဲလုလု ဖြစ်တဲ့ Potential Enemy တွေကို ဘယ်လိုတုန့်ပြန်မလဲ။စစ်ရေးအ
အစပိုင်းက ပြောခဲ့သလိုပါပဲ အမေရိကန်နဲ့ ဘယ်သူမှ ရန်ဖက်မဖြစ်ချင်သလို သူတို့နဲ့အဆင်မပြေတဲ့သူ/ အသိုင်းအဝန်းနည်းသူ /ရန်များသူ/ နိုင်ငံရေး ဂုဏ်သိက္ခာ အားနည်းသူ/
ဒီနေရာမှာ မေးစရာတစ်ခုရှိတာက အပေါ်ကနိုင်ငံတွေနဲ့ စစ်ရေး ဆက်ဆံဆောင်ရွက်ခြင်းတွေလုပ်
မြင်နေ တွေ့နေ ကြားနေရတဲ့ အားနည်းချက်( အားသာချက် ခဏထား) အပေါ်မှာ မေးမြန်းထောက်ပြတယ် ဆိုခဲ့ရင် မြောက်နဲ့လုပ်လို့၊ တရုပ်နဲ့လုပ်လို့ ဆိုတာထက် ကိုယ်ရဲ့ အဖွဲ့အစည်းအနေအထားကို ပြန်လေ့လာသုံးသပ်ဖို့က ပိုအရေးကြီးပါတယ်။ ချို့ယွင်းချက်ရှိနေရင် ဘယ်သူနဲ့လုပ်လုပ် အားနည်းချက်တွေ အပြစ်အနာအဆာတွေ ရှိနေဦးမှာပါ။ ဒါကို တစ်ဦးတစ်ယောက်တည်း တချို့တစ်ဖွဲ့တည်း ခေါင်းစဉ်တပ် ပုံချလိုက်ရုံနဲ့ ပြီးသွားမဲ့ကိစ္စ၊ အဆင်ပြေသွားမဲ့ကိစ္စ မဟုတ်ပါဘူး။ ခြုံကြည့်ရင် Policy နဲ့ Strategy သာမန်ထက်ပိုလို့ ဒီအနေအထား ရောက်နေတာဖြစ်ပြီး Action Plan / Implementation Management နဲ့ System တွေမှာ အားနည်းချက်အချို့ ရှိနေတာလို့ မြင်ပါတယ်။ ဒါကိုလည်း Political Transition Current မှာ တပါတည်း လိုက်ပါနိုင်မယ်လို့ မျှော်လင့်ပါတယ်။
- နောက်တစ်ခုက မြောက်က တောင်သမ္မတ ချန်ဒူးဝှမ်နဲ့ ထိပ်တန်းအရာရှိကြီးတွေကို လုပ်ကြံဖို့ရည်ရွယ်ချက်နဲ့ မိမိတို့လေးစားတန်ဖိုးထားတဲ
ဒီလိုနားကြည်းစေတဲ့ သမိုင်းဖြစ်စဉ်တွေလည်း ရှိနေပါသေးတယ်။
အင်္ဂလိပ်က မြန်မာကို မတရားသိမ်းပိုက်တယ်၊ နှစ်ပေါင်း(၁၀၀)ကျော် ကျွန်ပြုတယ်။ တိုင်းရင်းသားညီအကို မောင်နှမများ အသက် သွေး ချွေး မြောက်များစွာ ပေးဆပ်ပြီး လွတ်လပ်ရေးနဲ့ လဲခဲ့ရတယ်။ နောက်ဆုံးအထွက်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လွတ်လပ်ရေးဖခင်ကြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ
ဂျပန်လည်း ထိုနည်းလည်းကောင်းပါပဲ။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး အခြေအနေတွေနဲ့ ကြုံခဲ့ကြရတာပါ။ ကင်ပေတိုင်ဘယ်လို ရက်စက်ကြမ်းကြုတ်တယ်ဆိုတာ ယနေ့အချိန်ထိ မြန်မာ့ရုပ်ရှင်တွေထဲမှာ ပါနေဆဲပါ။
တရုတ်လည်း ရှိပါသေးတယ်။ ကူမင်တန်တရုတ်ဖြူ နဲ့ ဗကပသမိုင်းမှာ အဓိက ဒါရိုက်တာကြီးပါ။ ကျွန်တော်တို့ရဲဘော်တွေရဲ့ အသက်ပေါင်းများစွာပေးပြီး မျက်ဖြူလန်အောင် တိုက်ခဲ့ရတဲ့ သမိုင်းဖြစ်စဉ်တွေ ထင်ထင်ရှားရှား ရှိပါတယ်။ တပ်မတော်မှာ ရွပ်ရွပ်ချွံချွံတိုက်ခဲ့ကြ
အလားတူပါပဲ စစ်ရေးသာမက နိုင်ငံရေး၊စီးပွားရေး၊ဘာသာ
ဒီလိုပါပဲ ကျွန်တော်တို့ကိုလည်း ထိုင်းက သမိုင်းလှန်ပြီး စွပ်စွဲနိုင်ပါသေးတယ်။
နောက်ပြီး ထင်ရှားတဲ့ သာဓကတစ်ခုက မဆလခေတ် (၂၆)နှစ်တာ ကာလအများစုမှာ မြန်မာ-အမေရိကန် ဆက်ဆံရေးဟာ အမြင့်မားဆုံးနဲ့ အကောင်းဆုံး အခြေအနေတစ်ခုမှာ ရှိခဲ့ပြီး မြန်မာ-တရုတ် ဆက်ဆံရေးက ပါးလွှာပြီး အိမ်နီးချင်းပုံစံတောင် မမီပါဘူး။ ၁၉၈၈ နောက်ပိုင်း တပ်မတော်အစိုးရ တက်လာတော့ ပြောင်းပြန်ဖြစ်သွားတဲ့ အခြေအနေပါ။ ဒီလိုဖြစ်စဉ်မျိုး အခြေအနေမျိုးတွေ ကမ္ဘာအနှံ့အပြားမှာ နေရာမလွဲ အများအပြား ရှိနေကြပါတယ်။
ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလို သမိုင်းဆိုတာ မအအောင် သင်ရတယ် ဆိုတဲ့အတိုင်း သမိုင်းကမေ့ပျောက်စရာ မဟုတ်တဲ့အတွက် သင်ခန်းစာ ယူတတ်ရပါမယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ အမြဲတမ်းမိတ်ဆွေ၊အမြဲတမ်းရန
အခုအခြေအနေမှာလည်း UN Resolution ကြောင့် မြောက်နဲ့ထိုက်သင့်တဲ့ စစ်ရေးဆက်သွယ်မှုတွေ ဖြတ်တောက်ထားတာ၊ တရုပ်ကိုလည်း အားကိုးမှုလျော့ချထားတာ တွေ့နေရပြီး အသွင်ပြောင်းလဲမှု အမျိုးမျိုး၊ ဖြေလျော့မှုအမျိုးမျိုးဖြင့်
ဒီနေရာ ဒီအခြေအနေမှာလည်း စဉ်းစားချင့်ချိန်စရာတွေ ရှိနေပါသေးတယ်။ အဖြူတွေ အနီတွေ ရောက်လာတိုင်း အလုံးစုံအဆင်ပြေမယ်လို့ တွက်လို့မရသေးပါဘူး။ နိုင်ငံရေးနှင့် စီးပွားရေးဆက်ဆံမှုတွေ အသင့်အတင့်သာ ရှိသေးပြီး ဆက်လက်လည်း အချိန်နဲ့အရှိန် ယူရဦးမှာဖြစ်တဲ့အတွက် ယခင်လမ်းဟောင်းများက လျှောက်တတ်ရင် အကျိုးစီးပွားဖြစ်ထွန်းဆဲပါ
စစ်ရေးပိုင်း ဆက်ဆံဆောင်ရွက်ခြင်းကတော့ အဝေးကြီးမှာ ရှိနေပါသေးတယ်။ ဒါက ထောင်မြင်ရုံနဲ့ ရာစွန့်လို့မရတဲ့ ကိစ္စ၊ Risk ယူလို့ မရတဲ့ ကိစ္စပါ။ ထိုင်စောင့်နေတဲ့ Potential Enemy တွေရဲ့ Threat က Correction လုပ်လို့မရပါဘူး။ ဘွာတေးမရှိပါဘူး။နောက်ပြီး နှစ်ကြာ ဆန့်ကျင်ဘက်ရှိသူ၊ မဟာဗျုဟာ အားပြိုင်ဘက် နိုင်ငံကြီးနှစ်ခုနဲ့ ယခုချိန်ထိ ပလဲနံပါတ်သင့်သူ၊ ယင်းအနက် တရုတ်နဲ့ အိမ်နီးချင်းဖြစ်သူကို အမေရိကန်တို့က စစ်ရေးအရ ဘယ်လို Deal လုပ်လာနိုင်သလဲ ဆိုတာလည်း မေ့ထားလို့ မရပြန်ပါဘူး။ သူတို့ရဲ့ ဆက်ဆံတတ်တဲ့ Policy နဲ့ Practice ကို နားလည်ရပါမယ်။ အနီးစပ်ဆုံး Vietnam မှာ တွေ့နိုင်ပါတယ်။ စီးပွားရေးကို ရှေ့တန်းတင်ပြီး နိုင်ငံရေးကို သာမန်အဆင့်သာ သွားပါတယ်။ စစ်ရေးဆက်ဆံမှုကတော့ နှစ်ကာလတစ်ခု ကြာသည့်တိုင်အောင် Non- Combat Exchange Activity ထက် မပိုသေးပါဘူး။ ဒါကြောင့် Vietnam ရဲ့ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုနဲ့ စစ်ရေးဆက်ဆံဆောင်ရွက်မူဟာ ရှရှားအုပ်စုထဲမှာပဲ အပြည့်အဝ ရှိနေပါတယ်။
အချို့နိုင်ငံတွေဆို သူတို့ Norm နဲ့ တစ်ခုခုမကိုက်ခဲ့ရင် / အစာမကြေတာ တစ်စုံတစ်ရာဖြစ်ရင် Spare Parts ဆက်မရောင်းတာ၊ ပစ္စည်း ဆက်မရောင်းတာမျိုးတွေ မြင်နေရပါတယ်၊ ဂရုပြုစရာတွေပါ။ မီးစတစ်ဖက် (hard power) ရေမုတ်တစ်ဖက် ( soft power) ကိုင်ပြီး Smart Power အမည်ခံ Global Policing လုပ်တတ်တဲ့ အကျင့်တွေကြောင့် နိုင်ငံချင်း သွင်ပြင်လက္ခဏာ မတူတဲ့ အခြေခံအနေအထားအပေါ်မှာ ပြဿနာမီးပွား မရှိလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။
မိမိတို့လည်း အနောက်အုပ်စုနဲ့ စစ်ရေးအရ စခန်းသွားတဲ့အခါမှာ အရှည်တွေးပြီး သတိမလျော့ဖို့ လိုပါမယ်။ တွန့်ဆုတ်နေဖို့လည်း မလိုသလို ရဲတင်းစရာလည်း မလိုတဲ့အတွက် နှစ်စုနှစ်ဖွဲ့ သင့်တင့်မျှတတဲ့ အနေအထားမျိုး ဖန်တီး သွားရနိုင်ပါတယ်။ ဂျော်ဂျီယာလို ရှေ့နောက်မကြည့်ပဲ အဟောင်းစွန့် အသစ်မွေးမိလို့ တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရတာတွေက သင်ခန်းစာယူစရာတွေပါ။ ကိုယ့်အခြေအနေ ကိုယ့်ပုံစံနဲ့ တွက်ခြေကိုက်နိုင်မဲ့ ဒွေးလမ်းတည်ပြီး သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ တစ်ခုရှိတာက နိုင်ငံတကာအဝန်းအဝိုင်းထဲကိ
Message လည်း ရှည်သွားပြီမို့ ဒီနေရာမှာပဲ ချုပ်လိုက်ပါမယ်။
State Building ကို ဆောင်ရွက်ရာတွင်-
) အကျိုးစီးပွား အရင်းမရှုံးပါစေနဲ့
) တိုင်းပြည်နဲ့လူမျိုးတို့ရဲ
) သင့်လျော်မျှတတဲ့ အကျိုးစီးပွားအမြတ်များ ဖြစ်ထွန်းပါစေ
) ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာမြင့်မားသော တန်ဖိုးရှိသော နိုင်ငံဖြစ်ပါစေ
) နိုင်ငံတကာနှင့် သဟဇာတ ညီညွတ်စွာ ရပ်တည်နိုင်ပါစေ
လို့ ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒအရင်းခံ တင်ပြလိုက်ပါတယ်။
PATRIOT
No comments:
Post a Comment