Pages

22.9.13

မြန်မာ-အမေရိကန် ဂမ်လန်ရာဇီရေခဲတောင်တက်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ၏ ဒုတိယ အမြင့်ဆုံးဖြစ်သော ဂမ်လန်ရာဇီတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သော မြန်မာ-အမေရိကန် ရေခဲတောင်တက် အဖွဲ့သည် စက်တင်ဘာလ ၂၁ရက်နေ့ ညနေပိုင်းက
ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း Htoo Foundation မှသိရသည်။


အဆိုပါ ရေခဲတောင်တက် အဖွဲ့အား ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ ကိုယ်တိုင် ပူတာအိုမှ ရန်ကုန်သို့ ကြိုဆို ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်သည်။
မြန်မာဖုံရင် ကုမ္ပဏီက စီစဉ်ပြီး ထူးဖောင်ဒေးရှင်း၏ အဓိက ပံ့ပိုးမှုဖြင့် တက်ရောက်ခဲ့သော ယခု ခရီးစဉ်တွင် မြန်မာတောင်တက်အဖွဲ့က လူသားများ လုံးဝခြေချဖူးခြင်း မရှိသေးသည့် ဂမ်လန်ရာဇီ တောင်ထိပ်သို့ ဦးစွာ တက်ရောက်ခွင့် ရခဲ့ပြီး မြန်မာနိုင်ငံ အလံကို ဂုဏ်ယူစွာ စိုက်ထူနိုင်ခဲ့သည်။

မြန်မာ-အမေရိကန် ၆ ဦး ပါဝင်သော ရေခဲတောင်တက်အဖွဲ့ ဂမ်လန်ရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ရေးအတွက် ထူးဖောင်ဒေးရှင်း အဖွဲ့ဝင်များ အပါအ၀င် ၁၉၉၆ ခုနှစ် စက်တင်ဘာလက ခါကာဘိုရာဇီ တောာင်ထိပ်သို့ ဂျပန်လူမျိုး အိုဇာကီနှင့်အတူ တက်ရောက်နိုင်ခဲ့သည့် မြန်မာလူမျိုး နမားဂျွန်ဆင်ကလည်း ပေ (၁၆၀၀၀) အမြင့်ရှိ စခန်းထောက် Base Bamp ထိ လိုက်ပါ ပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။

Popular Myanmar News Journal

No comments:

Post a Comment