မြိတ်မြို့ စက်မှုဇုန်ရှိ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော
အလုပ်သမားများအား တင်ဆောင်လာသည့် ကြို/ပို့ ယာဉ် တိမ်းမှောက်မှု မြိတ်မြို့
စန္ဒ၀တ်ကျေးရွာအုပ်စု မြိတ်-ကျွဲကူး ကားလမ်းမကြီးပေါ်ရှိ မဟာသိဒ္ဓိဇယ
စေတီတော်အနီးရှိ အဌဂံ စားသောက်ဆိုင် အကွေ့၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၄)
ရက်နေ့ နံနက် (၆)နာရီ ခွဲကျော် အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ
အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော မြိတ်မြို့ ပိန္နဲတောင်ကျေးရွာမှ
အလုပ်သမား (၅၀) ဦးကျော်ခန့် တင်ဆောင်၍ ယာဉ်မောင်း စိုးလတ်ဦး ၊ အသက်
(၂၆)နှစ်၊ (ဘ) ဦးခင်စိုး မောင်းနှင်လာသည့် ကင်တာအမျိုးအစား ယာဉ်အမှတ်
(၂ခ/…………. ) သည် ကား အလေး ချို့ယွင်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်း၏
လက်ယာဘက်သို့ တိမ်းမှောက်သွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့်
ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ကျား (၃) ဦး ၊ မ (၁၄) ဦးသည်
ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး မောင်နေလင်းနိုင် အသက် (၁၉)နှစ်၊ (ဘ)
ဦးစိုးမြင့် (ဦးခေါင်းကွဲဒဏ်ရာ) နှင့် မဖြိုးသူဇာ အသက် (၂၂)နှစ်၊ (ဘ)
ဦးမောင်သန်း(လက်ကျိုးဒဏ်ရာ)တို့မှာအတွင်းလူနာ
အဖြစ် မြိတ်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိပါသည်။
မြိတ်ပုလဲမြေ
No comments:
Post a Comment