မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ချထားပေးခဲ့သော လိုင်းအရေအတွက် စုစုပေါင်း ၅ ဒသမ ၅၅ သန်းရှိလာပြီး စုစုပေါင်းလူဦးရေ၏ ၁၀ ရာခိုင်နှုန်းနီးပါး ရှိလာကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသ
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အိမ်ထောင်စု အရေအတွက် ၈ ဒသမ ၇ သန်းကျော်ရှိပြီး အိမ်ထောင်စု ၁ ဒသမ ၇ ခုသာလျှင် မိုဘိုင်းလ်ဖုန်း တစ်လုံးနှုန်းခန့် သုံးစွဲနေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
“ပြည်သူတွေ မိုဘိုင်းလ်ဖုန်းများများသု
လူဦးရေ သန်း ၆၀ ခန့် ရှိသော မြန်မာနိုင်ငံတွင်၂၀၁၆ ခုနှစ်တွင် လူဦးရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းလ်ဖုန်း သုံးစွဲမှုနှုန်း မြင့်မားလာစေရန် လုပ်ဆောင်နေပြီး ပြည်ပဆက်သွယ် ရေးကုမ္ပဏီနှစ်ခုနှင့် ပြည်တွင်းမှ ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုတို့
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ ယင်းကုမ္ပဏီလေးခုက ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ သုံးဆယ့်ကိုးသန်းငါးသိန်း ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ ဒသမ ၅ သန်း တပ်ဆင် ပေးရမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ရာနှုန်းပြည့်နီးပါး ရှိသော်လည်း အချို့ကတစ်ဦးတည်း ဖုန်းတစ်လုံးထက် ပိုသုံးသည့်အတွက် လူတိုင်း မိုဘိုင်းလ်ဖုန်း သုံးသည်ဟု မပြောနိုင်သေးကြောင်း ဦးသန်းဦးက ပြောဆိုသည်
The Voice Weekly
No comments:
Post a Comment