ယင်းတပ်ဖွဲ့ဝင်များမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
မှုခင်းကျ ဆင်းရေး ရဲတပ် ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ''ကျွန် တော်တို့အနေနဲ့ တွေ့နေတာက တော့ တချို့လိုင်းကားတွေ၊ တက္ကစီ တွေမှာတွေ့တယ်။ အဓိကကိုင် တဲ့ အကြောင်းအရင်းကတော့ ပြဿနာတစ်ခုခုဖြစ်ရင် ဖြေရှင်း ဖို့ပါ။ တချို့တက္ကစီ တွေဆို သံတုတ် ဆောင်ထားတယ်။ ဓားဆောင် တာကတော့ တချို့လိုင်းကားမောင်း တဲ့ယာဉ်မောင်းတွေမှာ တွေ့တယ်။ ဒါပေမဲ့ ဓားက အရွယ်အစားသေး တယ်။ ဓားမြှောင်လေးလိုပုံစံမျိုး
ယင်းကဲ့သို့ ယာဉ်များပေါ် တွင် တုတ်၊ ဓားလက်နက်များကိုင် ဆောင်ခြင်းနှင့်ပတ်သက်ပြီး တက္ကစီ ယာဉ်မောင်း ဦးအောင်သင်းက ''သံတုတ်၊ ရိုးရိုးတုတ်ရယ်လို့ မ ဟုတ်ဘူး။ လိုအပ်လို့ဆောင်တာ ရှိသလိုရန်ဖြစ်ရင်လဲ ရှင်းဖို့ဆောင် တာရှိတယ်၊ အမျိုးမျိုး ပါပဲ''ဟု ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ဩဂုတ်၂၈ရက်က ယာဉ်ထိန်းရဲ တစ်ဦးကို ယာဉ်မောင်းတစ်ဦးက ယာဉ်စည်းကမ်း ဖောက်ဖျက်မှုနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့သဖြင့် စကေဘာဖြင့်ထိုးခဲ့သည့် ဖြစ်ရပ် တစ်ခုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ကျော်မြတ်ဇံ
Yangon Media Group
No comments:
Post a Comment