Pages

26.9.13

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရန် ဆွေးနွေးမည်



အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာထံမှ သိရှိရသည်။

ယင်းဆွေးနွေးပွဲတွင် ကရင်အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA နှင့် KNU/KNLA တို့ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရှိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း လက်နက်ကိုင် တပ်ဖွဲ့အားလုံးနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ရည်ရွယ်ထားပြီး နိုဝင်ဘာလ အတွင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်မည်ဖြစ်ကာ ၂၀၁၄ ခုနှစ်အတွင်းတွင် တိုင်းရင်းသားအားလုံး ပါဝင်နိုင်သော ညီလာခံတစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွင် ပြောဆိုထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော အစိုးရ တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP၊ ပအို့ဝ်တိုင်းရင်းသား လွှတ်မြောက်ရေးတပ် PLNO တို့နှင့် နိုင်ငံရေး ဆွေးနွေးရန်နှင့် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးခဲ့သည်။

စက်တင်ဘာလဆန်းပိုင်းတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံခဲ့သော ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့သည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရန် မူအားဖြင့် သဘောတူညီကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment