မန္တလေးတိုင်း ဒေသကြီး ၊ မိတ္ထီလာမြို့ ၊ စက်မှုဇုန် (၃)လမ်းရှိ ဦးစိုးမြင့်
နေအိမ်၌ စက်တင်ဘာလ ၂ဝ ရက် ည ၁၁ နာရီ အချိန်တွင် ခေါင်းစွပ်အနက် နှင့်
ပုဆိုးခြုံ ထားသူ တစ်ဦးမှ အိမ်ပေါ် တက်၍ စာကျက်နေသူ မဖြိုးအိအိသိမ့် အား
နောက်မှ သိုင်းဖက်၍ ငြိမ်းခြောက် လုယက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
မိတ္ထီလာမြို့ ၊ စက်မှုဇုန...် (၃)လမ်းရှိ ဦးစိုးမြင့် နေအိမ်တွင် ¤င်း၏
သမီးဖြစ်သူ မဖြိုးအိအိသိမ့် (၂၁)နှစ် ၊ ဒုတိယနှစ် (စီးပွားရေး တက္ကသိုလ် ၊
မိတ္ထီလာ) မှ နေအိမ် ဧည့်ခန်း၌ စာကျက်နေစဉ် ခေါင်းစွပ်အနက် နှင့်
ပုဆိုးခြုံထားသူ တစ်ဦးမှ မဖြိုးအိအိသိမ့် အား နောက်မှ သိုင်းဖက်၍ လက်ဖြင့်
ပါးစပ်ပိတ်ပြီး '' အော်လျှင်သတ်ပစ်မည် '' ဟု ခြိမ်းခြောက် ပြောဆိုခဲ့ရာ
မဖြိုးအိအိသိမ့် မှ အော်ဟစ် အကူအညီ တောင်းစဉ် မိခင်ဖြစ်သူ ရောက်ရှိ
လာခဲ့သဖြင့် အမည်မသိ လူမှ လူမသတ် ချင်ကြောင်း ၊ ပစ္စည်း ထုတ်ပေးရန်
ပြောဆိုပြီး မဖြိုးအိအိသိမ့် ၏ လည်ပင်းမှ ရွှေဆွဲကြိုး အား ဖြုတ်ယူစဉ်
မဖြိုးအိအိသိမ့် ၏ ဖခင် ဦးစိုးမြင့် ရောက်ရှိလာပြီး ဂျိုင်းထောက်ဖြင့်
ရိုက်၍ ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီ တောင်းခံခဲ့ရာ လုယက်သူမှာ
ထွက်ပြေးသွား ခဲ့ကြောင်း သိရသည်။
လုယက်သူ၏ ပုဆိုးမှာ နေအိမ် အတွင်း
ကျန်ရစ်ခဲ့ပြီး မျက်မြင် သက်သေများ ၏ပြော ကြားချက် အရ လုယက်သူမှာ
ဦးစိုးမြင့် ၏ နေအိမ်တွင် လွန်ခဲ့သော ၃ လခန့်က မြက်ရှင်း လုပ်ငန်း လာရောက်
လုပ်ကိုင် ခဲ့ဖူးသူ ဦးစိုးမြင့် ၏ နေအိမ်နှင့် မျက်နှာခြင်းဆိုင် ရှိ
ဦးဝင်းမြင့် ယက္ကန်းရုံ မှ ယက္ကန်းလုပ်သား အောင်အောင် (၂၂)နှစ် (ဘ)
ဦးဝင်းဆွေ စက်မှုဇုန် ရပ်ကွက် ၊ မိတ္ထီလာ မြို့နေသူ ဖြစ်ကြောင်း
သိရှိရသဖြင့် ဦးစိုးမြင့်မှ အမှတ်(၃) ရဲစခန်း၌ တိုင်ချက် ဖွင့်လျက်
အမှတ်(၃) ရဲစခန်း မှ အိမ်တက် ခြိမ်းခြောက် လုယက်သူ တရားခံ အောင်အောင် အား
(ပ)၉၂/၂ဝ၁၃ ၊ ပြစ်မှုပုဒ်မ- ၃၉၃ အရ အမှုဖွင့် အရေးယူ စစ်ဆေး ဆောက်ရွက်လျက်
ရှိသည်ဟု သိရှိရသည်။
TheMyawadyDaily
No comments:
Post a Comment