၁၄-၉-၂၀၁၃ ရက်နေ့ ၁၁၅၀ အချိန် နေပြည်တော်ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး
အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀၀/၃-၄)ကြားတွင် ရန်ကုန်မှနေပြည်တော်သို့
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့နယ်နေ
အောင်မျိုး(၃၆)နှစ်မောင်းနှင်လာသည့်
၂စ/xxxx ဖန်မလီယာဗင်အဖြူရောင်ယာဉ်သည်
အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်ထိုးကျခဲ့ပြီး
လမ်းနှင့်(၃၅)ပေအကွာရှိ ကွန်ကရစ် ဓါတ်တိုင်အားဝင်ရောက်တိုက်မိခဲ့သည်။
ထိုသို့တိုက်မိမှုကြောင့် ယာဉ်မောင်းဖြစ်သူ အောင်မျိုးမှာ
အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ မစန္ဒာအေး(၃၀)နှစ်တွင်
နာကျင်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ
အောင်မျိုးအား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၃၊ ပြစ်မှုပုဒ်မ
၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment