ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများ အနက်
ခေါင်မိုးပေါ်တွင် ခရီးသည်တင်သည့် ယာဉ်များနှင့် ဘေးတွယ်စီးသည့် ခရီးသည်
ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီးအရေး ယူနေကြောင်း ယာဉ်ထိန်းဒုတပ်ဖွဲ့
ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေးက စက်တင်ဘာ ၆ ရက် နံနက်က ပြောကြားသည်။
စီမံချက်ဖြင့် စစ်ဆေးအရေးယူမှုတွင် ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း
ခေါင်မိုးပေါ်တွင် ခရီးသည်များ တင်ဆောင်ပြီး ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်
၅၈ စီးနှင့် ဘေးတွယ်စီးသည့် ခရီးသည်တင်ယာဉ် ၃၅၁ စီးတို့အား
အရေးယူခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ စည်းကမ်းမဲ့ ပြေးဆွဲနေသည့်
အမိုးစီးယာဉ်နှင့် ဘေးတွယ်ယာဉ် များ ကို မော်တော်ယာဉ် ဥပဒေပုဒ်မ- ၁၆၄ (က)
နှင့် ဒဏ်ငွေတို့ဖြင့် အရေးယူနေကြောင်း သိရသည်။''သြဂုတ်လ အတွင်းမှာ
စည်းကမ်း မဲ့ ပြေးဆွဲနေတဲ့ အမိုးစီးယာဉ်နဲ့ ဘေးတွယ်ယာဉ် ၄၀၀ ကျော်ကို
ဖမ်းဆီးပြီးတော့ အရေးယူခဲ့တယ်။
စစ်ဆေးအရေးယူဖို့ အတွက်
ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီက အဖွဲ့များနဲ့ စစ်ဆေးနေတဲ့အပြင်
ယာဉ်ထိန်းရဲ တပ်ဖွဲ့မှာလည်း အဖွဲ့သုံးဖွဲ့ ဖွဲ့ပြီးတော့ အရေးယူနေတယ်။
ီလိုစည်းကမ်းမဲ့ မောင်းနှင်နေတဲ့ယာဉ်တွေကို မြို့တွင်းမှာတော့ ဖမ်းဆီးရမိမှု
နည်းသွားပေမယ့် မြို့ပြင်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေမှာ အများအပြား
ဖမ်းမိနေတယ်'' ဟု ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ တာဝန်ရှိသူ
ရဲမှူးသာဌေးက စက်တင်ဘာ ၆ ရက် နံနက်က ပြောကြားသည်။
ဖမ်းဆီးရမိခဲ့သည့် အမိုးစီးယာဉ်များကို မော်တော်ယာဉ် ဥပဒေပုဒ်မ-၁၆၄(က)၊
ဒဏ်ငွေကျပ် ၁၅၀၀ နှင့် စီမံချက်ဒဏ်ငွေ ကျပ် ၃၀၀၀၀၊ ဘေးတွယ်စီးသည့်
ယာဉ်များကို မော်တော်ယာဉ် ဥပဒေပုဒ်မ-၁၆၄ (က)၊ ဒဏ်ငွေကျပ် ၁၅၀၀၊
စီမံချက်ဒဏ်ငွေ ကျပ် ၁၀၀၀၀ တို့ဖြင့် အရေးယူနေကြောင်း ရဲမှူးသာဌေးက
ပြောကြားသည်။ ခေါင်မိုးပေါ်တွင် တင်ပြီးပြေးဆွဲနေသည့် ယာဉ်များနှင့်
ဘေးတံခါးပေါက်များတွင် ခရီးသည်များ တွယ်စီးပြီး မောင်းနှင်နေသည့်
ယာဉ်များကို မြောက်ဥက္က လာပမြို့နယ်နှင့် စော်ဘွားကြီးကုန်းမှ ထောက်ကြန့်၊
လှည်းကူး၊ ပဲခူးသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများတွင် အများဆုံး
တွေ့ရကြောင်း သိရသည်။
ရန်ကုန်-မှော်ဘီ ပြေးဆွဲနေသည့်
ခရီးသည်တင်ယာဉ် တစ်စီးပေါ်တွင် ခေါင်း မိုးပေါ်မှ လိုက်ပါစီးနင်း နေသူများအား
စက်တင်ဘာ ၅ ရက် ညနေပိုင်း က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Eleven Media Group
No comments:
Post a Comment