လျှပ်စစ်မီတာ ပျက်စီးမှုအတွက် သတ်မှတ်လျော်ကြေးငွေ (၁၁၇) သိန်း မပေးဆောင်သူကို အရေးယူပေးရန် တိုင်ကြားမှုကို မရမ်းကုန်းရဲစခန်းက စက်တင်ဘာ ၂၅ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
အမှုတွင် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနေ ဦးစန်းလှိုင်၏ နေအိမ်တွင် ပလပ်စတစ်လုပ်ငန်းအား ပါဝါမီတာ အမှတ် XN-7863 ဖြင့် လုပ်ကိုင်နေခဲ့ရာတွင် မီတာလုံခြုံမှုစနစ်အရ တပ်ဆင်ထားသည့် Cover Seal လေးလုံးအနက် တစ်လုံးကျွတ်ထွက်နေသည်ကို ဇွန်လ ၅ ရက်က စစ်ဆေးတွေ့ရှိ ခဲ့သည်ဟုလည်း ရဲမှုခင်းမှတ်တမ်းတွင် တွေ့ရသည်။
ထို့ကြောင့် လျှပ်စစ်စမ်းသပ်ရေးဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ပြုပြင်၍ မရသော မီတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသောကြောင့် အဆိုပါ မီတာအတွက် လျော်ကြေးငွေ သိန်းတစ်ကျော် ကျပ် ၁၁၇၂၈၄၀၀ အား ပေးဆောင်ရန် အကြောင်းကြားခဲ့သည်ဟုလည်းတရားလိ
သို့သော်လည်း ပေးဆောင်ခြင်းမရှိသဖြင့် လျော်ကြေး၊ နစ်နာကြေး၊ ဒဏ်ကြေးများ ပေးသွင်းရန် ပျက်ကွက်သည့်အပြင် ဌာနပိုင် လျှပ်စစ်မီတာအား မီတာယူနစ် မတက်အောင် ပြုလုပ်ဆောင်ရွက်ခဲ့သူ ဦးစန်းလှိုင်အား အရေးယူပေးရန် မြို့နယ်လျှပ်စစ်ဓါတ်အားပေးရေးအ
ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ)၄၀၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံထား ရသူ ဦးစန်းလှိုင်အား စစ်ဆေးလျက်ရှိကြောင်းနှင့် ပြစ်မှုကျုးလွန်ထားသည်ကို ဟုတ်မှန်ကြောင်း တွေ့ရှိပါက လျှပ်စစ်ဥပေဒ ပုဒ်မ ၃၃/၃၄ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
No comments:
Post a Comment