ကာတာ နိုင်ငံသည် Sohail 1 အမည်ရှိ နိုင်ငံ၏ ပထမ ဆုံးသော ရုပ်မြင်
သံကြားနှင့် ဆက်သွယ်ရေး ဂြိုဟ်တုကို French Guiana ရှိ အခြေစိုက် စခန်း
တစ်ခုမှ Ariane 5 ဥရောပ ဒုံးကျည်၏ အကူအညီဖြင့် ကမ္ဘာပတ် လမ်းကြောင်း
အတွင်းသို့ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ
သိရသည်။
Sohail 1 ဂြိုဟ်တုကို
Korou မြို့အနီးရှိ အာကာသ စခန်းမှ အာရပ်ဂြိုဟ်တု အနီးရှိ ဂြိုဟ်ပတ်
လမ်းအတွင်းသို့ လွှတ်တင် ခဲ့သည်ဟု Es'hail Sat ဂြိုဟ်တု ကုမ္ပဏီက ပြောကြား
ထားသည်။
အဆိုပါ Sohail 1 ဂြိုဟ်တုသည် သုံးလကြာ စမ်းသပ်မှု ခံယူပြီးနောက် ဒီဇင်ဘာ လမှစ၍ ရုပ်သံလိုင်း များကို ထုတ်လွှင့်သွားမည် ဖြစ်သည်။
ယင်းအစီအစဉ် ဖြစ်မြောက်ရေး အတွက် Es'hail Sat ကုမ္ပဏီသည် ၎င်း၏ ဥရောပ
စီးပွားဖက် ကုမ္ပဏီ ဖြစ်သည့် Eutelsat ကုမ္ပဏီဖြင့် ပူးပေါင်းလုပ်ဆောင်
ခဲ့သည်ဟု သိရသည်။ အဆိုပါ Sohail 1 ရုပ်မြင်သံကြား ဂြိုဟ်တုသည် အလေးချိန်
ခြောက်တန်ကျော် ရှိပြီး ၁၅ နှစ် သက်တမ်းကြာ တာဝန် ထမ်းဆောင်သွားမည်
ဖြစ်သည်။ ကာတာ နိုင်ငံသည် သုံးနှစ် အတွင်း Sohail 2 ဂြိုဟ်တု လွှတ်တင်ရန်
စီစဉ်လျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ
No comments:
Post a Comment