Pages

16.9.13

ပထမဆုံးပွဲမှာ ဂိုးစ သွင်းယူနိုင်ခဲ့သည့် ဂါရတ်ဘေးလ်

ရီးရဲလ် ကွင်းလယ်လူ ဂါရတ်ဘေးလ်က ၎င်းအနေဖြင့် အသင်း အတွက် ပထမဆုံး ကစားခွင့် ရရှိသည့် ဗီလာရီးရဲလ် အသင်းနှင့် အဝေးကွင်း လာလီဂါ ပွဲစဉ်တွင် အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ခြင်းအပေါ် ကျေနပ်ကြောင်း ဆိုသည်။


ယင်းပွဲစဉ်တွင် အဆိုပါ အသက် ၂၄ နှစ်အရွယ်ရှိ ဝေလ ကွင်းလယ်လူသည် ပွဲချိန် ၆၂ မိနစ်တွင် ကွင်းလယ်လူ ဒီမာရီယာနှင့် လူစားလဲ ခံရပြီး ၃၈ မိနစ်တွင် အသင်း အတွက် ဂိုးသွင်းယူခဲ့သည်။ ဂါရတ်ဘေးလ်က အသင်း အတွက် ပထမဆုံး ပွဲစဉ်မှာ အနိုင်ရလဒ်ကို မရခဲ့ဖူး ဆိုပေမယ့် ဂိုးသွင်းယူထားခြင်း နှင့်အတူ မိနစ် ၆၀ ကြာ ပါဝင် ကစားခဲ့ခြင်း အပေါ် ကျေနပ်ကြောင်း ဆိုသည်။

ဗီလာရီးရဲလ် အသင်း အတွက် ဂိုးများကို ကာနီနှင့် ဒေါ့ဆန်းတို့စ်က သွင်းယူခဲ့ သလို ရီးရဲလ် အသင်း အတွက် ဂိုးများကို ဂါရတ်ဘေးလ်နှင့် စီရိုနယ်ဒိုတို့က သွင်းယူခဲ့သည်။ ရီးရဲလ် နည်းပြ အန်ဆလော့တီသည် အသင်းမှ ကွင်းလယ်လူ ဂါရတ်ဘေးလ်၏ ယင်းပွဲစဉ်မှ ခြေစွမ်းကို ကျေနပ်ကြောင်း ဆိုသည်။

Yatanarpon Call Center

No comments:

Post a Comment