၂၁-၉-၂၀၁၃ ရက်နေ့ ၂၀၄၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊
သာဂရအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၁၈၀/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု
ဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ
နေပြည်တော်မှရန်ကုန်သို့ တောင်ငူမြို့၊ (၁၀)ရပ်ကွက်၊ (၁၀)လမ်းနေ
မောင်ဦး(၃၆)နှစ်မောင်းနှင်လာသည့် ၈ဃ/xxxx လိုက်ထရပ် အဖြူရောင်ယာဉ်သည်
ယာဘက်နောက်ဘီးကျွတ်ထွက်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသူ
(၁၈)ဦးအနက် အုတ်တွင်းမြို့နယ်၊ ကျောက်တလင်းရွာနေ ဦးအောင်သူဝင်း(၂၆)နှစ်ပါ
ကျား(၇)ဦး၊ မ(၄)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့်
တောင်ငူပြည်သူ့ဆေးရုံသို့ရဲတပ်ဖွဲ့ဝင်များက ကူညီပို့ဆောင်ပေးခဲ့ပြီး
ယာဉ်မဆင်မခြင်မောင်းနှင်သူ မောင်ဦးအား သာဂရအမြန်လမ်းရဲစခန်းယာဉ်
(ပ)၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း
သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment