သာပေါင်းမြို့ရှိ ပျော့ဖတ်စက်ရုံ ရပ်နားထားရာမှ ယခုအခါ ဝါးကုန်ကြမ်း များပြားနေခြင်းကြောင့် စက်ရုံပြန်လည်ပတ်ရန် သဘာဝဓာတ်ငွေ့ ပေးပို့ ရမည် ဖြစ်ခြင်းကြောင့် ဓာတ်မြေသြဇာစက်ရုံကို စက်တင်ဘာလမှ အောက် တိုဘာလအထိ နှစ်လကြာ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
အဆိုပါ ဓာတ်မြေသြဇာစက်ရုံကို ၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် လုပ်ငန်းစတင် လည်ပတ်ခဲ့ကြောင်း၊ တစ်နေ့လျှင် ဓာတ်မြေသြဇာ တန်ချိန် ၅၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း စက်ရုံအချက်အလက်များအရ သိရသည်။
မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းတွင် ယူရီးယား ဓာတ်မြေသြဇာစက်ရုံ ငါးရုံရှိရာ သဘာဝဓာတ်ငွေ့ ရရှိမှုအရ စလေ၊ မြောင်းတကာနှင့် ကန်ကြီးထောင့်စက်ရုံ စုစုပေါင်းသုံးရုံ လည်ပတ် ထုတ်လုပ်လျက်ရှိပြီး စုစုပေါင်း တစ်ရက်လျှင် ယူရီးယား ၉၀၀ တန်ခန့် ထုတ်လုပ်လျက် ရှိကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ယူရီးယား ဓာတ်မြေသြဇာ ၁၆၅၈၀၉ ဒသမ ၁၀ မက်ထရစ်တန် ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း
The Voice Weekly
No comments:
Post a Comment