Pages

26.9.13

မြန်မာနိုင်ငံတွင် လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်ထောင်ချီ ထုတ်လုပ်မည်


ထိုင်း Gunkul Engineering Co., နှင့် တရုတ် China Three Gorges Co., တို့က ပြည်တွင်းရှိ ဒေသအချို့တွင် လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်... ထောင်ချီ ထုတ်လုပ်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း လျှပ်စစ်ဓာတ်အား ဝန်ကြီးဌာန လျှပ်စစ်စွမ်းအားဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်းက ပြောကြားသည်။


Gunkul Engineering Public Co., က မွန်၊ ကရင်၊ တနင်္သာရီနှင့် ရှမ်းပြည်နယ်တို့ရှိ နေရာ ခုနစ်နေရာတွင် လျှပ်စစ်ဓာတ်အား ပမာဏ ၂၉၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် လေစွမ်းအင် စက်ရုံများ ဆောက်လုပ်ရန် လေ့လာမှုများ ပြုလုပ်နေပြီး China Three Gorges Co.,က ချင်း၊ ရခိုင်၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လေ့လာမှုများ ပြုလုပ်နေကာ ၁၁၀၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် လေစွမ်းအင် စက်ရုံများ ဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။
“Wind Power Project က MoU ထိုးထားတာ နှစ်ခုရှိတယ်။ ဒါပေမဲ့ သူတို့က အခုစမ်းသပ်တုန်းပဲ ရှိသေးတယ်။ လေစွမ်းအင်က တစ်နှစ်တည်း တိုင်းလို့မှ မရတာ။ စီးပွားဖြစ် တွက်ခြေကိုက်မှ သူတို့ကစမှာ” ဟု ဦးအောင်မျိုးဝင်းက ဆိုသည်။

လေစွမ်းအင် ထုတ်လုပ်ခြင်းမှာ လျှပ်စစ်ဓာတ်အားပမာဏ အမြောက်အမြား ထွက်ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အငြိမ်းစား အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။

လက်ရှိတွင် တစ်နိုင်လုံးအနေနှင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀၀ ခန့် ထုတ်လုပ်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment