Pages

12.9.13

မလေးရှားကို ဩစတြေးလျမပြတ်မသားနဲ့ အနိုင်ယူခဲ့

မလေး ရှားအသင်းဟာ ပထမပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရတာကြောင့် အခုပွဲစဉ်မှာ အကောင်းဆုံးကစားနိုင်ဖို့ ပြင် ဆင်ခဲ့ပေမယ့် ဩစတြေးလျ အသင်းရဲ့ ဖိအားပေးမှုတွေကိုခံ ခဲ့ရပါတယ်။ ဩစတြေးလျအသင်း ကစားသမားတွေဟာ အရပ်အ မောင်း ကောင်းမွန်တာကြောင့် တောင် ပံတိုက် စစ်တွေကနေတစ် ဆင့် အမြင့်ဘောတွေနဲ့ မလေး ရှားအသင်းဘက်ကို ဖိအားပေး ကစားခဲ့ပါတယ်။

ပထမပိုင်းပွဲကစားချိန်အတွင်းမှာပဲ ဩစတြေးလျအသင်း ကစားသမားရိုဆိုဟာ အခွင့်အ ရေးတွေရရှိခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ဩစတြေး လျကစားသမားတွေ ဂိုးပေါက် ပျောက်နေခဲ့တာကလည်း မလေး ရှားတို့အတွက် သက်သာရာရခဲ့ပါ တယ်။ ပထမပိုင်းတစ်ပိုင်းလုံး ဂိုး ကန်သွင်းခွင့်တွေ အကြိမ်ကြိမ် ရရှိခဲ့ပေမယ့် မလေးရှားဂိုးသမား ရဲ့ လက်စွမ်းပြကာကွယ်မှုတွေ ကြောင့်လည်း ပထမပိုင်းဟာ

ဂိုး မရှိသရေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင် ချိန်မှာလည်း ဩစတြေးလျအ သင်းကပဲ ဖိအားပေးကစားနိုင်ခဲ့ ပေမယ့် ဩစတြေးလျတို့ဂိုးပေါက် ပျောက်နေခဲ့တာပါ။ ပွဲချိန် ၆၄ မိနစ်မှာတော့ မလေးရှားဂိုးသမား အက်မန်က ဝစ်ဖယ်ကို နောက် ကနေချိတ်ဆွဲခဲ့တာကြောင့် ပင် နယ်တီပေးခဲ့ရပေမယ့် အက်မန်က သူကြောင့်ပေးခဲ့ရတဲ့ ပင်နယ်တီ ကို ပြန်လည်ကာကွယ်သွားနိုင်ခဲ့ ပါတယ်။

ဩစတြေးလျအသင်း အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၆မိနစ်မှာရရှိခဲ့တာဖြစ်ပြီး အသင်း ခေါင်းဆောင် ဝစ်ဖယ်က တစ် ကိုယ်တော်ခြေစွမ်းပြ သွင်းယူခဲ့ တာပါ။ ဒီဂိုးဟာ သူ့ရဲ့ပင်နယ်တီ လွဲချော်မှုကို ဖာထေးနိုင်ခဲ့တယ် လို့ပြောရမှာပါ။ ပွဲချိန် ၈၅မိနစ် နောက်ပိုင်းမှာ မလေးရှားတို့ ပင် နယ်တီရရှိမယ့်ဖြစ်ရပ်မျိုး ကြုံ တွေ့ခဲ့ရပေမယ့် ဒိုင်လူကြီးက ခွင့် မပြုခဲ့တာကြောင့် မလေးရှား အသင်း နစ်နာခဲ့ရပြီး ၁-၀ ဂိုးနဲ့ သာပြီးဆုံးသွားခဲ့တာပါ။

Yangon Media Group

No comments:

Post a Comment