ဘုရင့် နောင်တွင် သယ်ယူပို့ဆောင်ရေး ဂိတ်များ ယခင်နှစ်များထက် သိ သာစွာ တိုးတက်လာနေခြင်း ကြောင့် ယာယီယာဉ်ရပ်နားကွင်း များ အလျင်အမြန်လိုအပ်နေပြီ
ဟု ဘုရင့်နောင်အခြေစိုက်ပွဲရုံ လုပ်ငန်းရှင်များနှင့် ကားဂိတ်လုပ်
ငန်းရှင်များထံမှ သိရသည်။
ယခုနှစ်အတွင်း ဘုရင့်နောင် ဈေးဝင်း အတွင်း
နယ်စုံကုန်စည် ပို့ဆောင်ရေးဂိတ်ပေါင်းအနေ ဖြင့် ၃၀၀ အထိရှိနေပြီး အပြင်
ပွဲရုံဂိတ်များဖြင့် ထပ်ပေါင်းလိုက် ပါက ဂိတ်အရေအတွက် ၃၇၀
ဝန်းကျင်အထိရှိနေခြင်းကြောင့် အဝင်အထွက်ကားမမျှတသည့် အပြင်
ကုန်စည်စီးဆင်းမှုနှေးကွေး သော မိုးရာသီအချိန်တွင် ပစ္စည်း တင်ပို့မှုများ
နှောင့်နှေးကြန့်ကြာ မှုများနှင့်တွေ့ကြုံနေရကြောင်း
ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။
ဘုရင့်နောင် ကုန်စည်ပို့
ဆောင်ရေးဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးလှဦးက ''ယာယီယာဉ်ရပ် နားကွင်းအတွက်
သက်ဆိုင်ရာ အစိုးရဌာနတွေကို စာတင်ထား တယ်၊ မင်္ဂလာဒုံမြို့နယ်မှာ ယာယီ
ရပ်နားကွင်းအတွက် နေရာသတ် မှတ်ပေးမယ်ဆိုပြီး ပြောထားတာ တော့ ရှိနေတယ်။
အဲဒီရပ်နား ကွင်း အဆင်ပြေမှပဲ ဒီကကား ကျပ်မှုက အတိုင်းအတာတစ်ခု အထိ
လျှော့ချနိုင်မယ်။ ဒီလိုပဲ လွှတ်ထားမယ်ဆိုရင် ဆိုင်တွေပိတ် ရဖို့တွေ
များနေပြီ။ အခုလဲ လုပ် ငန်းပြောင်းတာတွေ ရှိနေတယ်'' ဟု ဆိုသည်။
ဘုရင့်နောင်ကားဝင်းအ တွင်း ယာဉ်ရပ်နားကွင်းအခက် အခဲကြောင့် ကုန်ပြန်မရသည့်
ကုန် တင်ယာဉ်ကြီးများ ဘုရင့်နောင် လမ်းမကြီးတစ်လျှောက်ရပ်နား
ထားမှုများရှိနေသည့်အတွက် ဘုရင့်နောင်တံတားစီမံကိန်းနှင့် အတူ
ယာဉ်ကျပ်တည်းမှုများဆိုး ရွားနေဆဲဖြစ်ပြီး ကုန်ကားများ ပိတ်ဆို့မှုကြောင့်
ကုန်တင်ကုန်ချ ပြုလုပ်ရာတွင် အချိန်ပိုမိုကြန့်ကြာ မှုများရှိနေသည်ဟု
ပွဲရုံလုပ်ငန်း ရှင်တစ်ဦးထံမှ သိရသည်။
ဘုရင့်နောင်စည်ပင်သာ ယာရုံးမှ
တာဝန်ရှိသူ တစ်ဦး၏ပြောဆိုချက်အရ လက်ရှိအချိန် တွင် ဘုရင့်နောင်လမ်းမကြီးအား
လမ်းချဲ့၍ အသစ်ပြန်လည်ခင်း ကျင်းနေပြီး အဆိုပါလမ်းသစ်ပြီး စီးချိန်တွင်
ဘုရင့်နောင်လမ်းမ တစ်လျှောက် ယာဉ်ရပ်နားခွင့်အား ပေးမည်မဟုတ်သည့် အတွက်
ပွဲရုံ လာကုန်ကားများအတွက် မြေနေ ရာကြိုတင်ရှာဖွေမှုကို ဆောင် ရွက်နေကြောင်း
ပြောဆိုသည်။
ရန်ကုန်-မန္တလေးကုန်ကား မောင်းသူ ဦးကျော်ငြိမ်းက
''မိုး တွင်းလတွေမှာဆိုရင် ပွဲရုံကုန် လာချပြီး နယ်ကိုကုန်ပြန်ပါဖို့ဆို
ရင် တစ်ခါတလေ ၁ဝရက်လောက် ကြာသွားတာတွေရှိတယ်။ ဒီက ကားဝင်းကလဲ အစီးရေ ၃၀၀
လောက်ပဲ လက်ခံနိုင်တဲ့အတွက် လမ်းဘေးတွေမှာ ရပ်ထားရတယ် ဆိုပေမယ့်
ကားရဲ့လုံခြုံရေးအ တွက် စိုးရိမ်နေရတယ်။ အဓိက လမ်းပိတ်နေတာက သူတို့တွေ
လမ်းချဲ့တဲ့အချိန်က နေ့လယ်ဘက် တွေဆိုတော့ ပိုဆိုးတယ်''ဟု ဆို သည်။
ဘုရင့်နောင်ပွဲရုံနှင့် ကား ပစ္စည်းဝင်းအတွင်းသို့ နေ့စဉ်ဝင် ထွက်နေသော
ကားအရေအတွက် မှာ ၂၀၀၀ ကျော်အထိရှိနေပြီး ကုန်ကားကြီးများမှာ ၅၀၀ ဝန်း
ကျင်အထိရှိနေကြောင်း ဘုရင့် နောင်သယ်ယူပို့ဆောင်ရေး ဝန် ဆောင်မှုအသင်းထံမှ
သိရသည်။
Yangon Media Group
No comments:
Post a Comment