မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပြည်ထဲရေး
ဝန်ကြီးဌာန လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့နှင့် အရပ်ဘက်
လူ့အဖွဲ့အစည်း ၁၇ ဖွဲ့ပူးပေါင်းကာ စက်တင်ဘာလ ၁၃ ရက်နေ့တွင် နေပြည်တော်
သင်္ဂဟဟိုတယ်ခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရာတွင်
ပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့်
မြန်မာ့စီးပွားစီမံ အမှုဆောင်များအသင်း (MBE) အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်
အဖွဲ့ဝင် ဦးညွန့်လှိုင်က ပြောကြားသည်။
ယခင်နှစ်များတွင်
လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပြည် ထဲရေးဝန်ကြီးဌာနကသာ
စီစဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်
ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ အခမ်းအနားကို
YMCA၊ Myanmar Baptist Convension၊ Karen Women Empowerment၊ World Vision
Myanmar၊ မြန်မာ စီးပွားစီမံ အမှုဆောင်များအသင်း(MBE) နှင့် Equality
Myanmar စသည့်အဖွဲ့များ အပါအဝင် စုစုပေါင်း ၁၇ ဖွဲ့ပူးပေါင်းကျင်းပမည်
ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
မြန်မာနိုင်ငံ
လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ
ပြဋ္ဌာန်းခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့အား သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂
ခုနှစ်တွင် လူကုန်ကူးမှုပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့ကာ တရုတ်နိုင်ငံ
နယ်စပ်တွင် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု
တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ အစီရင်ခံစာအရ သိရသည်။
The Voice Weekly
No comments:
Post a Comment