အသက်(၃၅)နှစ် ရှိပြီဖြစ်သော ချယ်လ်ဆီး ဝါရင့် ကွင်းလယ် ကစားသမားကြီးသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကိယက်ဗ်တွင် ယူကရိန်းနှင့် ဂိုးမရှိ သရေကျခဲ့သည့် ပွဲစဉ်၌ အင်္ဂလန် အသင်းအတွက် ပါဝင် ကစားပေးခဲ့သည်။
လက်ရွေးစင်အသင်းအတွက် ပွဲရာပြည့် ကစားနိုင်ခဲ့သည့်အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း ဖရန့်ခ်လမ်းပတ်က ထုတ်ဖော် ပြောကြားခဲ့သည်။ အသက်(၃၅)နှစ် ရှိပြီဖြစ်သော ချယ်လ်ဆီး ဝါရင့် ကွင်းလယ် ကစား သမားကြီးသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကိယက်ဗ်တွင် ယူကရိန်းနှင့် ဂိုးမရှိ
သရေကျခဲ့သည့် ပွဲစဉ်၌ အင်္ဂလန် အသင်းအတွက် ပါဝင် ကစားပေးခဲ့သည်။ အဆိုပါ ပွဲစဉ်ရလဒ်သည် အင်္ဂလန်ကို ကမ္ဘာ့ဖ လား ခြေစစ်ပွဲ အောင်မြင်စေရေး ခြေတစ်လှမ်း နီးလာစေခဲ့သည်။ ထို့အပြင် လမ်းပတ်အတွက်လည်း ကစားသမား သက်တမ်းတစ်လျှောက် လက်ရွေးစင် အသင်းဂျာစီကို အကြိမ်(၁၀၀)မြောက်အဖြစ် ဂုဏ်ယူစွာ ဝတ်ဆင်ခွင့်ရခြင်း အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လမ်းပတ်က "ကျွန်တော့်အတွက်တော့ ထူးခြားတဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေ ဖြစ်တည်စေတဲ့ ညတစ်ညပါပဲ။ ပွဲကတော့ တကယ့်ကို ခက်ခဲလွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ပွဲအပေါ်မှာပဲ အာရုံနှစ်ပြီး ကစားခဲ့ပါတယ်။ ကျွန်တော့် လက်ရွေးစင် ကစားသမားဘဝက ပွဲ(၁၀၀)ပြည့်ခဲ့ပါပြီ။ နောက်ကို ပြန်လှည့်ကြည့်ရင် တကယ့် ခရီးရှည်ကြီးပါပဲ။ ဒါကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့တာကို ကျွန်တော် ဂုဏ်ယူနေမိပါတယ်"ဟု ပြောကြားသွားသည်။ လမ်းပတ်သည် (၁၉၉၉)ခုနှစ်၊ အောက်တိုဘာလက ဝက်စ်ဟမ်းယူနိုက်တက် ကစားသမား ဘဝဖြင့် ပထမဆုံး လက်ရွေးစင်အသင်း ဂျာစီကို ဝတ်ဆင်ခွင့် ရခဲ့သည်။ ထိုစဉ်က အင်္ဂလန်က ဘယ်လ်ဂျီယံကို ခြေစမ်းပွဲတွင် (၂-၁)ဖြင့် အနိုင်ရခဲ့သည်။ ၎င်းသည် လက်ရှိအချိန်ထိ အင်္ဂလန်အတွက် (၂၉)ဂိုး သွင်းယူပေးထားပြီးဖြစ်သည်။
Planet Myanmar Network
No comments:
Post a Comment