မီရန်ဒါကားရ်တစ်ယောက် သူမ၏ ခင်ပွန်းသည်ကို ဘရော့ဒ်ဝေးပြဇာတ် တစ်ခုအတွက်
သွားရောက် အားပေးခဲ့ရာ ပရိသတ်များ၏ အထူးစိတ်ဝင်စားမှုကို ခံယူနိုင်ခဲ့သည်။
အော်လန်ဒိုသည် Romeo and Juliet ပြဇာတ်ကို
ပြဇာတ်မင်းသမီး ကွန်ဒိုလာ ရာရှက်ဒ်နှင့် တွဲဖက် ကပြခဲ့ခြင်း ဖြစ်သည်။
အော်လန်ဒို၏ ပြဇာတ်သရုပ်ဆောင်မှု စွမ်းရည်နှင့် ပတ်သက်ပြီး ပရိသတ်များက
အကောင်းအဆိုး အမျိုးမျိုး မှတ်ချက်ပေးခဲ့သော်လည်း ၎င်း၏ဇနီးသည် ဩစတြေးလျ
မော်ဒယ်လ်နှင့် ပတ်သက်ပြီးမူ တညီတညွတ်တည်း အကောင်းမြင် ချီးကျူးခဲ့ကြသည်။
ဖြူလွပါးလျားသော ပွဲတက်ဝတ်စုံကို ငွေရောင် ဒေါက်ဖိနပ်အမြင့်နှင့် တွဲဖက်
ဝတ်ဆင်လာသည့် အသက်(၃၀)အရွယ် Victoria's Secret နတ်မိမယ်သည် ပြဇာတ်သို့
ရောက်ရှိလာသည့် ပရိသတ်များအနက် အထင်ပေါ်ဆုံး ဖြစ်နေခဲ့သည်။ သူမသည် Christian
Louboutin ဒေါက်ဖိနပ်ကိုစီးကာ တောက်ပပြောင်လက်သည့် လက်ကိုင်အိတ်လေး
တစ်လုံးကိုလည်း ယူဆောင်လာသည်။ မီရန်ဒါ အနေဖြင့် ပရိသတ် အာရုံစိုက်မှုကို
ခံယူခွင့် ရခဲ့သော်လည်း ခင်ပွန်းသည် အော်လန်ဒိုမှာမူ ပြဇာတ်တွင်
သရုပ်ဆောင်မှု အပိုင်း၌ လိုအပ်ချက်များ ရှိနေကြောင်း ဝေဖမှုများ ကြုံခဲ့ရသည်။
ပြဇာတ် ဝေဖန်ရေးများက ဝီလျံရှိတ်စပီးယား၏ ဇာတ်လမ်းကို ခေတ်
မီအောင် မွမ်းမံကာ ဂျင်းဘောင်းဘီ ဝတ်ထားသည့် ဇာတ်ကောင် ရိုမီယိုကို မြင်တွေ့ရသည်မှာ အဆီအငေါ် မတည့်ကြောင်း ပြောကြား
ခဲ့ကြသည်။ Time Out New Yorkမှ ဝေဖန်ရေးပညာရှင် ဒေးဗစ်ကိုတေးကမူ
"ဒီပြဇာတ်ရဲ့ ရိုမီယိုရော၊ ဂျူးလိယက် ဇာတ်ကောင်တွေပါ ကျွန်တော်
ကြည့်ဖူးသမျှ ချစ်မှုရေးရာ ဆွဲဆောင်လှုံ့ဆော်မှု အားအနည်းဆုံးပါပဲ။
ပြဇာတ်က အချစ်ဇာတ်ကြောင်းတစ်ခု ဖြစ်ပေမယ့် တကယ်တမ်းကျတော့ ပူနွေးပြင်းပြတဲ့ အချစ်ဇောမျိုး လုံးဝ ပျောက်ကွယ်နေတယ်"ဟု ဝေဖန်
သွားသည်။
Planet Myanmar Network
No comments:
Post a Comment