၉/၁၁ အရေး အခင်း ဖြစ်ပွားခဲ့သည်မှာ ၁၂ နှစ် ကျော် ကြာပြီးနောက် အမေရိက
ဂီတပညာရှင် များက အသက်ရှင်ကျန်ရစ်သူများ အတွက် အောက်မေ့ ဖွယ် တေး သီချင်း
များ သီဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ အရေးအခင်းကြောင့် ပူဆွေးသောက ဖြစ်ရမှုများအား မျှော်လင့်ချက်
အသစ်များ ဖန်တီးပေး ရန် ရည်ရွယ်၍ အယ်လ်ဘမ် ခေါင်းစဉ်ကို Here after (song
of lost voices) ‘ဟု အမည်ပေးခဲ့ကြောင်း
အယ်လ်ဘမ် စီစဉ်သူ သီချင်းရေး
ဆရာနှင့် စန္ဒရား ပညာရှင် ဂျိတ်ဟတ်ဂီ က ပြောကြားသည်။
အဆိုတော်
နတ်သန်ဂန်းနှင့် တယ်လစ်ထရီဗင်း အပါအဝင် နာမည်ကြီး အဆိုတော်များ ပါဝင်
သီဆိုထား သည့် ၄င်းအယ်လ်ဘမ် ထဲ၌ ၉/၁၁ အရေး အခင်း မှ အသက်ရှင် ကျန်ရစ်
သူများ၏ ဇာတ်ကြောင်း များနှင့် ချစ်ခင်သူများကို လက်လွတ် ဆုံးရှုံးရသည့်
ခံစားချက် များကို ရေးဖွဲ့ထားသည်။
ဂရမ်မီဆု ဆန်ခါတင် စာရင်းဝင်
သီချင်းရေး ဆရာ ဂျင်းန်ရှီးယားသည် ကာယကံရှင် များ၏ ခံစားချက်များကို
နားထောင်၍ သီချင်း သီကုံးခဲ့ခြင်းဖြစ် သည်။
၉/၁၁ အရေးအခင်းသည်
သမိုင်းကြောင်း ဖြစ်ရပ်မှန် တစ်ခုဖြစ်ပြီး ဆယ်ကျော်သက်များနှင့် ကလေး
ငယ်များအား အဆိုပါ အရေးအခင်းကြောင့် သေဆုံး ခဲ့ရသူ ဇနီးမောင်နှံ၊ ဖခင်နှင့်
သူငယ်ချင်း အပြင် အကြမ်းဖက် သမားများကို ပြန်လည် ခုခံတိုက်ခိုက်ရင်း
ပင်ဆယ်ဗေးနီးယား ပြည်နယ်၌ ပျက်ကျခဲ့သည့်United Flight 93 လေယာဉ်၌ သေဆုံး
သွားခဲ့သော ကိုယ်ဝန်ဆောင် အမျိုးသမီး၏ အကြောင်းကို ပြန်ပြောင်း ပြောပြလေ့
ရှိကြသည်။
here/after (Song of lost voices) အယ်လ်ဘမ် နှစ်ချပ်တွဲ အား အောက်တိုဘာ ၂၁ ရက်တွင် ဖြန့်ချိ မည်ဖြစ်ကြောင်း သိရသည်။
သိင်္ဂီဝင်း
Ref:omg! Yahoo
No comments:
Post a Comment