လီဗာပူးလ်ကို ဝယ်ယူထားသည့် Fenway Sports Group (FSG)၏ အဓိက
ပိုင်ရှင်ဖြစ်သူ အမေရိကန် သူဌေးကြီးက အသင်း၏ တိုးတက်ဖြစ်ထွန်းရေး
လုပ်ငန်းစဉ်များကို မိမိ ဆက်လက် တွန်းအားပေး ကူညီနေမည်ဟုလည်း ဆိုသည်။
လီဗာပူးလ် အသင်း၏ အိမ်ကွင်းဖြစ်သော အန်းဖီးလ်ကို အဆင့်မြှင့်တင်
မွမ်းမံသွားရန် အစီအစဉ်များ ရှိနေကြောင်း အသင်းပိုင်ရှင်
ဂျွန်ဟင်နရီက
ထုတ်ဖော် ပြောကြားလိုက်သည်။ လီဗာပူးလ်ကို ဝယ်ယူထားသည့် Fenway Sports Group
(FSG)၏ အဓိက ပိုင်ရှင်ဖြစ်သူ အမေရိကန် သူဌေးကြီးက အသင်း၏
တိုးတက်ဖြစ်ထွန်းရေး လုပ်ငန်းစဉ်များကို မိမိ ဆက်လက် တွန်းအားပေး
ကူညီနေမည်ဟုလည်း ဆိုသည်။ အောက်တိုဘာလတွင် FSGအနေဖြင့် လီဗာပူးလ်ကို ဝယ်ယူမှု
(၃)နှစ် ပြည့်မြောက်မည် ဖြစ်ပြီး ထိုစဉ်က ဟင်နရီသည် အမေရိကန်
အသင်းပိုင်ရှင် နှစ်ဦးဖြစ်သည့် တွမ်ဟစ်ခ်နှင့် ဂျော့ဂျီးလတ်တို့ထံမှ
လီဗာပူးလ်ကို အငြင်းပွားမှုများစွာဖြင့် လက်လွှဲယူခဲ့သည်။
ဟစ်ခ်နှင့် ဂျီးလတ်တို့သည် အန်းဖီးလ်ကို စွန့်ခွာကာ စတန်လေပါ့ခ်တွင်
ကွင်းသစ်ဆောက်လုပ်ရန် ရည်ရွယ်ခဲ့ပြီး FSGကမူ ပရိသတ် (၄၅၀၀၀)မျှ ဝင်ဆံ့သည့်
လက်ရှိကွင်းကိုသာ ပရိသတ် (၆၀၀၀၀)မျှထိ တိုးမြှင့်နိုင်ရန် စဉ်းစားလျှက်
ရှိသည်။ ဟင်နရီက ယင်းအတွက် ပေါင်စတာလင် သန်း(၁၅၀)မျှ လျာထားပြီး ဘဏ္ဍာရေး
ကိစ္စသည် FSGအတွက် ပြဿနာ မဟုတ်ဟု ဆိုသည်။ "လီဗာပူးလ်ဟာ ကောင်းမွန်တဲ့
တိုးတက် ဖြစ်ထွန်း မှုတွေ ရှိနေပါတယ်။ အသင်းဟာ ကွဲပြားတဲ့ အဖွဲ့အစည်းတွေ
ဟန်ချက်ညီညီ စုစည်းထားတာ ဖြစ်ပါတယ်။ လောလောဆယ် အသင်းရဲ့ ကွင်းစီမံကိန်းကို
ပြန်ပြီး မွမ်းမံ မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။
ဒီကိစ္စအတွက်
ဘဏ္ဍာရေး အခြေအနေဟာ လုံးဝ ပြဿနာ မဟုတ်ပါဘူး"ဟု ဟင်နရီက ဆိုသည်။ ၎င်းက
"ကျွန်တော်တို့ဟာ အသင်းရဲ့ ရင်းမြစ်တွေနဲ့ ကိုက်ညီတဲ့
မြှုပ်နှံပြောင်းလဲမှုတွေ ပြုလုပ်မယ်လို့ အမြဲလိုလို ပြောခဲ့ပြီး သားပါ။
လက်ရှိ ပွဲကြည့်စင်တွေရဲ့ အမြင့်နဲ့ ပတ်သက်ပြီး ပြန်လေ့လာ သုံးသပ်မှုတွေ
လုပ်ရပါမယ်။ ဒီအချက်က ကွင်းသစ်စီမံကိန်းမှာ အရေးအကြီးဆုံး ရှုထောင့်လည်း
ဖြစ်နိုင်တယ်။ ဒီကဏ္ဍမှာ ကျွန်တော်တို့ သေသေချာချာ ကိုင်တွယ်လေ့လာဖို့
လိုပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။
Planet Myanmar Network
No comments:
Post a Comment