
'' ဒီနွားမကြီးက ခုမွေးတာနဲ့ ဆို သုံးကြိမ်မြောက်သုံးသားဖြစ် ပါတယ်။ စက်တင်ဘာ ၁ရရက် နံနက်ပိုင်းမှာ နွားမကြီးက ထူးခြားစွာနဲ့ ဦးခေါင်း နှစ်လုံးပါ နွားလေးမွေးဖွားခဲ့ ပါတယ်။ ကျွန်တော့်တစ်သက် တော့ မကြုံဖူးတဲ့ထူးဆန်းတဲ့ အံ့ ဩဖို့ ကောင်း တဲ့ဖြစ်ရပ်တစ်ခုပါ။ မွေးစတုန်းကတော့ အသက်ရှင် လျက်ရှိပါတယ်။ ကျွန်တော့်အထင် တော့ နွားမကြီးက လမစေ့ဘဲ မွေး လို့ မွေးပြီးမကြာခင် သေသွားတာ ဖြစ်ပါတယ်''ဟု ဦးစံလှက ပြော သည်။
နွားလေးသည် နွားထီး လေးဖြစ်ပြီးခေါင်းနှစ်လုံး၊ ဘို့နှစ် လုံးပါရှိပြီး အခြားနွားများကဲ့သို့ အင်္ဂါအစုံပါဝင်ကြောင်း သိရပြီး ခေါင်းနှစ်လုံးပါ ထူးခြားသည့်နွား လေးကို စဉ့်ကူးမြို့နယ်မှ အလုပ် သင်တရားရုံးရှေ့နေ ဦးမျိုးကျော် က သူ၏ ဂမ္ဘီရ သုတေသန လုပ်ငန်း အတွက် အသုံးပြုနိုင်ရန် ပိုင်ရှင် ထံမှ ငွေကျပ် ၃၀၀၀၀ ဖြင့် ဝယ် ယူသွားကြောင်း သိရသည်။
မန်းကိုကို
Yangon Media Group
No comments:
Post a Comment