မြို့တော် သန့်ရှင်း သာယာလှပစေရန် မြို့တော်စည်ပင် သာယာရေး အဖွဲ့မှ ယခုအခါ
ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ်များ၌
အမေရိကန်နိုင်ငံမှ မှာယူ တင်သွင်းခဲ့သော ပါဝါပတ်စ် အမှိုက်သိမ်းကား
တစ်စီးစီဖြင့် သြဂုတ်လ နောက်ဆုံးပတ် စတင်ကာ အမှိုက်သိမ်း လုပ်ငန်းများ
ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယခုအခါ မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်တွင် အဆိုပါ အမှိုက်သိမ်း
ယာဉ်ဖြင့် မြို့နယ် စည်ပင်သာယာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေး တာဝန်ခံ ဦးစိုးမင်းအောင်နှင့် စည်ပင်သာယာရေး ဝန်ထမ်းများ၊
ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဦးတို့ အဖွဲ့သည် နယ်မြေ
တစ်ခုလျှင် အမှိုက်စို၊ အမှိုက်ခြောက်များ စနစ်တကျ သိမ်းဆည်းရန် အမှိုက် ၂၄ဝ
လီတာဆံ့ အမှိုက်ပုံး ငါးပုံးစီကို နယ်မြေ ၁၁ ခုအတွက် အမှိုက်ပုံး ၅၅ ပုံး
ထားရှိကာ နေ့စဉ် အချိန်မှန်မှန် အပြောင်ရှင်း စနစ်ဖြင့် သိမ်းဆည်းလျက်
ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ
No comments:
Post a Comment