Pages

18.9.13

မြန်မာ့ငါးရှဉ့်ကို ဂျပန်က တရုတ်နှင့်အပြိုင်ဝယ်ယူမည်

မြန်မာနိုင်ငံတစ်ဝန်းလုံးမှ နေ့စဉ်ထွက်ရှိသည့် ငါးရှဥ့်အားလုံးကို တရုတ် နိုင်ငံက ဝယ်ယူကုန်သွယ်မှု ပြုနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ယခင်ကနှင့်မတူဘဲ ဘက်ပေါင်းစုံမှ ပွင့်လင်းမြင်သာမှုများ ရှိလာသဖြင့် ကမ္ဘာ့နိုင်ငံအများစုက စီးပွားရေးမျက်စိ ကျလာခဲ့ကြသည်။


ကဏ္ဍပေါင်းစုံကို လာရောက်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နေကြသည်။ ယခုအခါ ဂျပန် နိုင်ငံသည်လည်း မြန်မာနိုင်ငံမှ ထွက်ရှိနေသည့် ငါးရှဥ့်အားလုံးကို တရုတ်နှင့် အပြိုင် ဝယ်ယူမည် ဖြစ်ကြောင်းငါးရှဥ့်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဘသော် က ယနေ့ကျင်းပသည့် ငါးလုပ်ငန်း အစည်းအဝေးရုံးခန်း၌ သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment