မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ် သော ခါကာဘိုရာဇီရေခဲတောင်ခရီး ကြမ်းတက်ရောက်ရန် ရှေ့ပြေးအဖြစ် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှ
အမြင့် ပေ ၁၄၀၀၀ ရှိ ဇီယာရေခဲတောင်သို့ နိုဝင်ဘာလအတွင်း တက်ရောက်သွား
မည်ဖြစ်ကြောင်း တက္ကသိုလ်ခြေလျင် နှင့်တောင်တက်အသင်းမှ ဥက္ကဌ
ဦးအေးသန်းကပြောသည်။
“အရင်က ရေခဲတောင်တက်ရင် တောင်ထိပ်ရောက်တာနဲ့
ပြန်ဆင်းတဲ့ စနစ်နဲ့တက်တယ်။ အခုဒီလိုမဟုတ်ဘူး။ ခါကာဘိုရာဇီရေခဲတောင်
ခရီးကြမ်းအ တွက်ကို ရေခဲအအေးဒဏ်ခံနိုင်မှု အပြည့်အ၀ရယူဖို့လိုတယ်။ ဒီအတွက်
ကို တောင်ထိပ်ရောက်တာနဲ့ ၃ ရက် စခန်းချပြီးတော့ ရေခဲအအေးဒဏ်ခံနိုင် ဖို့
အပြည့်အ၀လေ့ကျင့်မှုယူသွားမယ်” ဟု ယင်းက ပြောသည်။
အဆိုပါ
ဇီယာရေခဲတောင်ခရီးကို သဘာဝခေါ်သံဖောင်ဒေးရှင်းနှင့် တက္က သိုလ်ခြေလျင်နှင့်
တောင်တက်အသင်း တို့မှ ပူးပေါင်း၍ တက်ရောက် သွားမည် ဖြစ်ကြောင်းသိရသည်။
ခါကာဘိုရာဇီရေခဲတောင်သည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်ပြီး ၂၀၀၆
ခုနှစ်တွင် မြန်မာနိုင်ငံမှ နမားဂျွန် ဆင်နှင့် ဂျပန်အဖွဲ့တို့ ပူးပေါင်း၍
ပထမ ဆုံးတက်ရောက်ခဲ့ပြီး၊ ယင်းတောင်တစ် ခုလုံးမှာ ရေခဲများ ဖုံးလွှမ်းနေသော
တောင်ဖြစ်ကြောင်း သိရသည်။
မင်းသုခ
ပို့ဆောင်ရေးသတင်းဂျာနယ်
No comments:
Post a Comment