တောင်ကိုရီးယား Hyundai တို့ မိတ်ဆက် ပြသခဲ့ပြီး ဖြစ်တဲ့ Concept ကား ဖြစ်ပါတယ်။ HCD 14 လို့ အမည်ပေး ထားပါတယ်။
လျှစ်စစ်ဓာတ်အားနဲ့ သီးသန့်မောင်းနှင်မယ့် ဇိမ်ခံ Sedan ကား ဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ကတော့ နည်းပညာ အသစ်များ အသုံးပြုမှုပါပဲ။ အထဲမှာ အသံနဲ့
ထိန်းချုပ်ခြင်း၊ မျက်လုံးနှင့် ထိန်းချုပ်ခြင်း (eye tracking) နည်းပညာ
တို့ပါဝင်လာခြင်း ဖြစပါတယ်။
ကားအတွင်း control system
အတော်များများကို အမြင်အာရုံ၊ အသံတို့နဲ့ ပြီးမြောက်စေမှာပါ။ Apple နဲ့လည်း
contract လုပ်ထားပါတယ်။ iPad, iPhone တို့နဲ့ ချိတ်ဆက်နိုင်မယ့် Dashboard
ဖြစ်ပြီး Apple Map လည် အသုံးပြုလို့ ရပါတယ်။
development
အဆင့်မှာသာ ရှိသေးပြီး ၃ နှစ်အတွင်း ထွက်ရှိရန် မျော်မှန်း ထားတဲ့ Hyundai
ရဲ့  နည်းပညာအဆင့်မြင့် ဇိမ်ခံကား ဖြစ်ကြောင်း သိရပါတယ်။
Ref: autoblog
ColayAutomobile

No comments:
Post a Comment