Intercontinental Hotel တွင် သြဂုတ် ၃၁ ရက်ညက ကျင်းပသော Miss Singapore
Beauty Pageant 2013 ပြိုင်ပွဲ၌ ချူရီရှီအာသည် Miss Singapore Friendship
International 2013 ဆုကို ရရှိခဲ့ကြောင်း သိရသည်။
အသက် ၂၅ နှစ်အရွယ်ရှိ ချူရီရှီအာသည် အကြားအာရုံ ၈၀ ရာခိုင်နှုန်း ဆုံးရှုံးနေသူ တစ်ဦး ဖြစ်သော်လည်း ယင်းဆုကို ရရှိခဲ့ကြောင်းနှင့်
အဆိုပါ ဆုသည် နောက်ဆုံးအဆင့် ပြိုင်ပွဲ၌ ပေးအပ်သော ဆုခြောက်ဆု၌ တစ်ခု
အပါအ၀င် ဖြစ်သည်။ ထို့အပြင် ချူသည် ဒိုင်လူကြီး များနှင့် ပြိုင်ပွဲ ကမကထ
ပြုပေးသူ များက မဲပေး ထောက်ခံသော ဆုငယ် ၁၀ ခုအနက်
ဆုသုံးဆုကိုလည်း
ရရှိခဲ့ကြောင်း သိရသည်။
မိမိ အနေဖြင့် ယခုကဲ့သို့ ဆုရရှိသည့်
အတွက် အလွန်ပင် ပျော်ရွှင်မိကြောင်း၊ အကြားအာရုံ ချို့ယွင်းမှုသည် မိမိ၏
အိပ်မက် စိတ်ကူးကို ဟန့်တားနိုင်ခြင်း မရှိသည်ကို ပြသနိုင်ခဲ့ပြီး ယခုအခါ
ယုံကြည်မှုများ ပိုမို ရရှိလာသည့် အပြင် လာမည့်နှစ်တွင် ပြုလုပ်မည့် Miss
Singapore Universe ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း
ချူက The New Paper သို့ ပြောကြားခဲ့သည်။
မိမိ အနေဖြင့်
ယခုကဲ့သို့ ဆုရရှိမည်ဟု မထင်ခဲ့ကြောင်း၊ ပြိုင်ပွဲဝင်ရန် အတွက် ခက်ခက်ခဲခဲ
ကြိုးစားခဲ့ကြောင်း၊ ထောက်ခံအားပေး သူများက မိမိကို အားတက် စေခဲ့ပြီး
ပြိုင်ပွဲသို့ ၀င်ရန် ခွန်အားရှိစေ ခဲ့ခြင်းဖြစ်ကြောင်း ချူက
ပြောကြားခဲ့သည်။ ချူသည် ပြင်းထန်စွာ ဖျားခဲ့ပြီးနောက် အသက်လေးနှစ်
အရွယ်တွင် စကား ပြောနိုင်မှု စွမ်းရည်နှင့် အကြားအာရုံ ဆုံးရှုံးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment